Main menu

Background

ရော်ဘာဝယ်လိုအားကောင်းမွန်လာမည်ဟု ခန့်မှန်းခြင်းကြောင့် ဈေးမြင့်လာနိုင်

Mon, 12/31/2012 - 05:35 -- ydnar

ဒီဇင်ဘာလ ၁၁ရက်နေ့မှာ ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေ ဟာ ယခင်သီတင်းပတ်ဈေးနှုန်းထက် အနည်းငယ် ဈေးမြင့် လာတယ်။ ကမ္ဘာ့ရော်ဘာသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံမှာ နိုဝင်ဘာလအတွင်း လက်လီအရောင်းနှုန်းနဲ့ စက်ရုံ၊ အလုပ်ရုံ တွေရဲ့ ကုန်ထုတ်လုပ်မှုတိုးတက်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ရော်ဘာဝယ်လိုအားကောင်းမွန်လာမယ်ခန့်မှန်းကြတဲ့အတွက် ဈေးမြင့်လာခြင်း ဖြစ်တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့က ထိုင်း ရော်ဘာဈေးကွက်မှာ မှိုင်းခံရော်ဘာအဆင့်-၅(RSS-5) က တစ်တန်ကို ၃၀၀၃ ဒေါ်လာသာ ရှိသော်လည်း ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ တစ်တန်ကို ၃၀၁၁ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိလာတယ်။ မလေးရှားရော်ဘာ (တာယာထုတ်လုပ် သော) SMR-20 ကလည်း ၎င်း ကာလအတွင်း တစ်တန်ကို ၁၈ ဒေါ်လာဈေးမြင့်လာပြီး တစ်တန်ကို ၂၈၄၆ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။

ထိုင်းနိုင်ငံအစိုးရရဲ့ရော်ဘာဈေးကွက်အတွင်း ဝင်ရောက် ကာဈေးကွက်ပေါက်ဈေးထက်အမြင့်ဈေးပေးပြီး ရော်ဘာ ဝယ်ယူသိုလှောင်မှု အစီအစဉ်ဆက်လက်ဆောင်ရွက် နေခြင်း၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား သုံးနိုင်ငံ ပေါင်းပြီး ရော်ဘာ တင်ပို့မှုလျော့ကျခြင်းတို့ကလည်းရော်ဘာဈေးနှုန်းကိုအထောက် အပံ့ပေးလျက်ရှိတယ်။တာယာထုတ်လုပ်ဖို့မလေးရှား ရော်ဘာ SMR-20 ကို ဝယ်လိုအား သိသိသာသာမြင့်မားလာခြင်း မရှိ သော်လည်း လက်အိတ်နဲ့ ကျန်းမာရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ဖို့အတွက်ရော်ဘာကိုဝယ်ယူလျက်ရှိနေခြင်းကလည်း ကမ္ဘာ့ရော်ဘာဈေးနှုန်းကျဆင်းမှုကိုထိန်းထားကြောင်း သိရ တယ်။Source:brecorder.com,rubberboard.org.in,ပပ