Main menu

Background

၂၀၁၃ ဇန်နဝါရီ ၁ ရက်မှစ၍ သကြားတင်သွင်းမှုအပေါ် အခွန်တိုးမြှင့် ကောက်ခံမည့် ဗီယက်နမ်

Mon, 12/31/2012 - 05:37 -- ydnar

ဗီယက်နမ်နိုင်ငံဟာ လာမယ့်နှစ်ဆန်းမှစပြီး သကြား တင်သွင်းမှုအပေါ် အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ သိရတယ်။၂၀၁၃ ခုနှစ်မှာ  ဗီယက်နမ်သကြားပိုလျှံမယ် ခန့်မှန်းပြီး ပြည်တွင်းသကြားထုတ်လုပ်တဲ့ လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့နဲ့ သွင်းကုန် အခွန်တိုးမြှင့်ကောက်ခံဖို့ စီစဉ်ရခြင်းဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတယ်။

သကြားဖြူတင်သွင်းမှုအပေါ် လက်ရှိ ကောက်ခံတဲ့နှုန်း မှာ ၁၅ ရာခိုင်နှုန်း ဖြစ်ပေမဲ့ လာမယ့် ၂၀၁၃ ဇန်နဝါရီ ၁ ရက်မှစပြီး အခွန်နှုန်းထားအသစ်နဲ့ ကောက်ခံသွားမယ်လို့ သိရတယ်။ ဗီယက်နမ်ရဲ့ သကြား ထုတ်လုပ်မှုက ကမ္ဘာ့ သကြားထုတ်လုပ်မှုနဲ့ ယှဉ်ရင် မပြောပလောက်ပေမဲ့ ယခုနှစ် သကြား ထုတ်လုပ်မှုက ပြည်တွင်းဝယ်လိုအားထက် ပိုမိုခဲ့ ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ် သကြားထုတ်လုပ်မှုရာသီမှာ တန်ချိန် ၁ ဒသမ ၅ သန်းမှ ၁ ဒသမ ၆ သန်းအထိ ထွက်ရှိ မယ် ရည်မှန်းကြောင်း၊ ပြည်တွင်းဝယ်လိုအားမှာ တစ်နှစ်ကို တန်ချိန် ၁ ဒသမ ၃ သန်း- ၁ ဒသမ ၄ သန်းသာရှိကြောင်း သိရ တယ်။                   Source:orgza.com.cn,ပပ