Main menu

Background

အာဆီယံ-အိန္ဒိယ နိုင်ငံများဖြတ်ကျော် ကားမောင်းခရီးစဉ် မန္တလေးမြို့ကို ရောက်ရှိ

Mon, 12/31/2012 - 05:39 -- ydnar

အာဆီယံ-အိန္ဒိယနိုင်ငံများ ဆက်သွယ်ရေးလမ်းကြောင်းပေါ် ကားမောင်းခရီးစဉ်ကို အင်ဒိုနီးရှားနိုင်ငံမှ စတင်ထွက်ရှိခဲ့ရာ ယခုလ ၁၃ ရက်နေမှာ မန္တလေးမြို့ကိုရောက်ရှိပြီး ၁၄ ရက် နံနက်မှာ မန္တလေးမြို့မှ ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။

ချစ်ကြည်ရေးကားမောင်းခရီးစဉ်ကို အိန္ဒိယနိုင်ငံနဲ့ အာဆီယံနိုင်ငံများ ဆက်စပ်ဖြတ်ကျော်နိုင်တဲ့ လမ်းကြောင်းများနဲ့ စီးပွားရေးအရ ကုန်သွယ်မှုပြုလုပ်နိုင်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း၊ ကားမောင်းခရီးစဉ်ဟာ မြန်မာနိုင်ငံကို ယခုလ ၁၁ ရက်မှာ မြဝတီ-ဘားအံ၊ ၁၂ ရက်မှာ ဘားအံ-နေပြည်တော်၊ ၁၃ ရက်မှာ နေပြည်တော်-မန္တလေးတို့ကို ဖြတ်ကျော်ရောက်ရှိပြီး ၁၄ ရက်မှာ မန္တလေး-တမူးလမ်း၊ ၁၅ ရက်မှာ တမူး-ဂိုဟာဝါတီကို ဖြတ်ကျော်ရောက်ရှိမှာဖြစ်ပါတယ်။ မန္တလေးမြို့မှ ထွက်ခွာမယ့် လမ်းတစ်လျှောက်မှာ မုံရွာ-ယာကြီးလမ်းဖြတ်ကျော်ပြီး၊ ကလေးမြို့မှာ ညအိပ်ရပ်နားမယ်လို့ သိရပါတယ်။ကားမောင်းခရီးစဉ်မှာ တစ်နိုင်ငံကို ကားမောင်းသူ ရှစ်ဦးနဲ့ ကားနှစ်စီးနှုန်းနဲ့ စုစုပေါင်း ၃၁ စီးနဲ့ လိုက်ပါကြီးကြပ် စောင့်ရှောက်တဲ့ ကားခြောက်စီးပါဝင်ပါတယ်။ အဆိုပါ ကားမောင်းခရီးစဉ်ကို ၂၀၀၄ ခုနှစ် တစ်ကြိမ်ဖြတ်ကျော်ခဲ့ပြီး၊ ယခုခရီးစဉ် မှာ ဒုတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်ပြီး ကီလိုမီတာ ၇၆၁၀ ဖြတ်ကျော်ခဲ့ကြောင်း သိရပါတယ်။      ဇူးဇူး-မန္တလေး