Main menu

Background

Mobile Team ကို ရှောင်နေလို့ လိုင်းကားတွေ အဝင်နောက်ကျ

Mon, 12/31/2012 - 05:40 -- ydnar

မန္တလေး-မူဆယ် လမ်းကြောင်းပေါ်တွင် Mobile Team  အဖွဲ့မှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုကို စစ်ဆေးရှာဖွေလျက်ရှိရာ ရှာဖွေမှုကို ရှောင်ရှားလိုတဲ့ကားများမှ လွတ်ရာနေရာမှာ စောင့်ဆိုင်းနေရခြင်းကြောင့် မန္တလေးမြို့သို့ လိုင်းကားအချို့ အဝင်နောက် ကျကြောင်း ခရီးသည်တစ်ဦးထံမှသိရပါတယ်။

"အခါတိုင်းဆိုရင် နံနက် ၂ နာရီဝင်ရမယ့် ကားက မနက်လင်းမှဝင်တယ်။Mobile Team အဖွဲ့ရှိရင် ရှေ့ကကားက အရင်သွားပြီး ဘယ်နားမှာရှိတယ် ဆိုတာကို အချက်ပြတောMobile Team  အဖွဲ့မရှိတဲ့အချိန်မှ ကားကိုထွက်တယ်။ လမ်းမှာရပ်စရာမရှိဘဲ ကားကိုရပ် ထားတယ်။ Mobile Team  အဖွဲ့က ညပိုင်းမရှိတော့ အဲဒီအချိန်ကို စောင့်ရတယ်။ ကားသမားအချင်းချင်း ဖုန်းနဲ့ အဆက် အသွယ်လုပ်ကြတယ်။ ခုဆိုကားတွေက ၂ နာရီကျော်လောက် အဝင် နောက်ကျတယ်လို့ အဆိုပါခရီးသွားက ပြောပါတယ်။ Mobile Team  အဖွဲ့မှာ အင်အားနည်းလို့ စစ်ဆေးမှုပြုသော်လည်း အချိန်ပြည့် မစစ်ဆေးနိုင်ခြင်းကြောင့် တရားမဝင် ဝင်ရောက်မှုများ ရှိနေဆဲဖြစ် ကြောင်းသိရပါတယ်။ ခရီးသည်တင်ကားရဲ့ ခရီးသည်ထိုင်ခုံအောက်မှာ ခုံနှင့်ကွက်တိထည့်နိုင်တဲ့ ပီနံအိတ်များနဲ့ ပစ္စည်းများ သယ်ယူလျက်ရှိပါကြောင်း၊ ခရီး ဆောင်အိတ်များထည့်တဲ့ ကားအောက်ရှိ အပေါက်မှာလည်း ထည့်သွင်းယူဆောင်မှု များလုပ်လျက်ရှိပါကြောင်း၊ အများဆုံးသယ်ယူနေတဲ့ ပစ္စည်းများမှာ တရုတ်နိုင်ငံ လုပ်ဟန်းဆက်များ၊ Mobile  ဆက်စပ်ပစ္စည်းများ သယ်ယူများပြားကြောင်း ခရီးသည်အချို့ထံမှ သိရပါတယ်။ ဇူးဇူး-မန္တလေး