Main menu

Background

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းနယ်မြေတွင် ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

Mon, 12/31/2012 - 05:42 -- ydnar

တမူး နယ်စပ်ကုန်သွယ်ရေးစခန်းနယ်မြေတွင် တစ်ဦးတည်းပိုင်ထုတ်ကုန်/သွင်းကုန် မှတ်ပုံတင် ကတ်ပြုလုပ်ရေး၊ စားသုံးသူ အကာအကွယ်ပေးရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရားမဝင် ကုန်သွယ်မှု များ လျော့နည်းပပျောက်ရေးအတွက် Mobile Team ဖြင့် ဆောင်ရွက်မည့်အစီအစဉ်များကို ဒီဇင်ဘာ ၂၇ ရက်တွင် ကုန်သွယ်မှုမြှင့်တင်ရေးညှိနှိုင်းဆွေးနွေးပွဲတွင်လည်းကောင်း၊ ဒီဇင်ဘာ ၅ ရက်မှ ၆ ရက် အထိ ကျင်းပပြုလုပ်သည့် ကလေး-တမူး-ကလေး၀ နယ်စပ်ကုန်သည်ကြီးများအသင်း၏ ဆဋ္ဌမအကြိမ် မြောက် သင်းလုံး ကျွတ်အစည်းအဝေးနှင့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးများတွင် တမူးနယ်စပ် ကုန်သွယ်ရေးစခန်း၊ တာဝန်ခံညွှန်ကြားရေးမှူး ဦးဝင်းတင့်မှ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါတယ်။

အဆိုပါအစည်းအဝေးများသို့ တမူးခရိုင်၊ မြို့နယ်များမှဌာနဆိုင်ရာများ၊ OSS အဖွဲ့ တာဝန်ခံများ၊ ကုမ္ပဏီမှလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ၊ တမူးမြို့ပေါ် (၄)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ တမူးမြို့ရှိ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးဂိတ်တာဝန်ခံများ၊ ကိုယ်စားလှယ်များ၊ နမ့်ဖာလုံဈေးမှ တစ်နိုင်တစ်ဆွဲ လုပ်ကိုင်နေသော ဈေးသူ၊ ဈေးသားများ၊ အလတ်စား၊ အငယ်စား ကုန်သည်လုပ်ငန်းရှင်များတက်ရောက် ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။ညွှန်ကြားရေးမှူး ဦးဝင်းတင့်မှ ဆွေးနွေးပြောကြားရာတွင် ကုန်သည်အငယ်စား၊ အလတ်စားများနဲ့ တစ်နိုင်တစ်ဆွဲရောင်းဝယ်နေသူများ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် နိုင်ငံ တော်အတွက်လည်း ထိုက်သင့်သောအခွန်အခများ ရရှိစေရန်၊ တရားမဝင် ကူးသန်းရောင်းဝယ်မှုများ လျော့နည်းပပျောက်သွားစေရန်ရည်ရွယ်၍ တစ်ဦးတည်းထုတ်ကုန်/သွင်းကုန်မှတ်ပုံကတ်များကို ထုတ်ပေး ရခြင်းဖြစ်ကြောင်း၊ မကြာမီအကောင်အထည်ဖော်ဆောင်ရွက်မဲ့ စားသုံးသူအကာအကွယ်ပေးရေး၊ ကုန် သွယ်မှုမြှင့်တင်ရေးနဲ့ တရားမဝင်ကုန်သွယ်မှုများလျော့နည်းပပျောက်ရေးအတွက် Mobile Team ဖြင့် ပညာပေး၊ အသိပေးကာလသတ်မှတ်ခြင်း၊ ကြေညာခြင်း၊ ကွင်းဆင်းစစ်ဆေးမဲ့ကာလ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ပို့ကုန်၊ သွင်းကုန်ဥပဒေများနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။  စမ်းစမ်းအေး (တမူး)