Main menu

Background

မလေးရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှသွားမည့် မြန်မာ့တာယာ

Mon, 12/31/2012 - 05:47 -- ydnar

ပြည်တွင်းတွင်ပေါများစွာထွက်ရှိပြီး ပြည်ပသို့ ကုန်ကြမ်းအတိုင်း တင်ပို့လျက်ရှိသော မြန်မာ့ ရော်ဘာကုန်ကြမ်းများအား အသုံးပြုပြီး ပြည်တွင်း စက်ရုံတွင် ထုတ်လုပ်ထားသည့် Yangon Tyre (7.00-16)(12PR)တစ်လုံးလျှင်  အမေရိကန် ဒေါ်လာ ၇၅ ဖြင့် တာရာ ၃၅၀ လုံးအား မလေး ရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်ပို့ရန် အတွက် ကုမ္ပဏီတစ်ခုမှ ပို့ကုန်လိုင်စင်လာရောက် လျှောက်ထားခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါကုမ္ပဏီအနေဖြင့် လုပ်သားအင်အား ၂၀၀ ကျော်အသုံးပြုပြီး ခေတ်မီနည်းပညာများဖြင့် တစ်ရက်လျင် အလုပ်ဆိုင်းနှစ်ဆိုင်းဖြင့် ၁၆ နာရီ လျှင် တာရာအလုံးရေ ၁၀၀ ခန့် ထုတ်လုပ်ဆောင် ရွက်လျက်ရှိပြီး ကုန်ကြမ်းရော်ဘာအနေဖြင့် တာ ယာတစ်လုံးလျှင် (6.3054) Kg  အသုံးပြုဆောင် ရွက်လျက်ရှိသဖြင့် တစ်ရက်လျင် ရော်ဘာကုန် ကြမ်း တန်ချိန် သုည ဒသမ ၆၃ တန် နေ့စဉ် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ တယ်။ ဒီလိုမျိုး ပြည်တွင်းမှာ ထုတ်လုပ်ခြင်းဖြင့် ကမ္ဘာ့ရော်ဘာဈေးကွက်မှာ   အရည်အသွေး မကောင်းလို့ ဈေးနှုန်းအနိမ့်နဲ့  ရောင်းချနေရတဲ့ မြန်မာ့ရော်ဘာကုန်ကြမ်း    ထုတ်လုပ်သူတွေ အတွက်တော့ သတင်းကောင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ပြည်တွင်းမှာပဲ ဈေးကောင်းရရှိလာမဲ့အလား အလာကောင်းတွေ ရှိနေပြီဖြစ်ပါတယ်။ ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်  ဆင်းရဲနွမ်းပါးမှုပ ပျောက်ရေးအတွက် ဦးတည်ပြီး အားပေးဆောင် ရွက်လျက်ရှိနေချိန်တွင် ပြည်တွင်းထွက် ကုန်ကြမ်း ပစ္စည်းများအားအသုံးပြုပြီး ပြည်တွင်းတွင် ထုတ် လုပ်ထွက်ရှိသော တန်ဖိုးမြှင့် ကုန်ချောပစ္စည်းဖြစ် သည့် Yangon Tyre ပြည်ပတင်ပို့မည့် သတင်း ကောင်းအား မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ Exp- mg mg lwin