Main menu

Background

တောင်သူမျှော်လင့်ချက် ကြက်သွန်နီ

Mon, 12/31/2012 - 05:51 -- ydnar

ကြက်သွန်  အဟောင်း  လက်ကျန် နည်းပြီး အသစ်ပေါ်စ  စပ်ကူးမတ်ကူး ကာလအတွင်း  ဈေးမြောက်လာခဲ့လို့ ကြက်သွန်စိုက် တောင်သူတွေ ရှေ့နှစ် အတွက် အားရှိလာတာတွေ့ရပါတယ်။ ဒီနှစ် မိုးနည်းလို့ မိုးစပါးလျာထားချက် မပြည့်မီတာရယ်၊   ကြက်သွန်ဈေး မြောက်လာတာရယ်ကြောင့် မန္တလေး တိုင်းဒေသကြီးအတွင်း အစားထိုးသီး နှံမှာ ဆောင်းကြက်သွန် ပိုစိုက်လာကြ ပါတယ်။ မြင်းခြံခရိုင်ဘက်မှာ ဆောင်း ကြက်သွန်လျာထားဧက ၂၆၉၀၈ ရှိပြီး၊ သြဂုတ်လထဲ မိုးမရွာခဲ့တာကြောင့် စက် တင်ဘာလဝက်ကျော်မှ စိုက်ရတဲ့ ဥစိုက် နဲ့(ဆောင်း)ပင်လေး  စိုက်ပေါင်းပြီး၊ လက်ရှိ စုစုပေါင်းစိုက်ပြီးဧက ၁၀၂၁၈ ရှိလို့ ဆောင်းစိုက်ဧကမှာ ပိုမိုလာတာ တွေ့ရပါတယ်။ လက်ရှိကြက်သွန် ဈေးကောင်းလို့ ဈေးကွက်ကိုကြည့်ပြီး၊ မြိတ်စားဖော်ရောင်းကြသလို  ဥမရင့် သက်တမ်းမစေ့သေးတဲ့ ကြက်သွန်များ ဈေးကွက်ဝင်ရောက်နေပြီး၊ အဟောင်းနဲ့ အသစ် ဈေးတူရောင်းချနေပါတယ်။

မိတ္ထီလာဘက်မှာ လက်လီ တစ်ပိ ဿာ ၁၀၀၀ကျပ် - ၁၂၀၀ကျပ်၊ မြင်းခြံ ၁၀၅၀ ကျပ် - ၁၁၀၀ ကျပ်၊ ကျောက် ဆည်၊ မြစ်သား ၁၂၀၀ ကျပ် - ၁၄၀၀ ကျပ်နဲ့ မန္တလေးမြို့ပေါ်လက်လီဈေးများ ၁၄၀၀ ကျပ်- ၁၆၀၀ကျပ်နဲ့ အရောင်း အဝယ်ရှိကြောင်း တွေ့ရပါတယ်။ ကြက် သွန်ဈေးတက်ပေမယ့်   ပျိုးပင်ဈေးမ တက်လို့ တောင်သူတွေ စရိတ်သက် သာပြီး၊ ပျိုးထောင်ပင်များ ခြေလှမ်း ၁၃၅ လှမ်း(မျိုးစေ့တစ်ပြည်စိုက်)ကို ၈၀၀၀၀ ကျပ်နဲ့ ဝယ်စိုက်ရကြောင်း သိရပါတယ်။ လာမယ့် ဇန်နဝါရီလ ကြက်သွန်ဖြိုင် ဖြိုင်ပေါ်ရင်တော့  ဈေးပြန်လည်ကျ ဆင်းလာနိုင်တယ်လို့ ကုန်သည်အသိုင်း အဝိုင်းမှ သုံးသပ်ပြီး တောင်သူများက တော့ ရှေ့လာမယ့်နှစ် ကြက်သွန်ပေါ် ချိန်မှာလည်း ဈေးကောင်းရနိုင်ဖို့ မျှော် လင့်ချက်များစွာနဲ့  စိုက်အားကောင်း လျက်ရှိကြောင်းပါ။ခင်မြင့်မြင့်သန်း-မန္တလေး