ထန်းလျက်တောင်သူတို့အတွက် ထန်းလျက်ဈေးကွက် တိုးချဲ့ဖို့လိုပြီ

ကျောက်ပန်းတောင်းထန်းလျက်တွေ လက်ကျန်နည်းလာလို့ ချောက်၊ ရေနံ ချောင်းဘက်က ဝင်လာတဲ့ ထန်းလျက် သာရောင်းနေရပါတယ်။ လက်ရှိ ထန်း လျက်ဈေးက လုံးသေးတစ်ပိဿာ ၅၈၀ ကျပ်- ၆၀၀ကျပ်၊ လုံးကြမ်းအစိုက တစ် ပိဿာ ၄၀၀ ကျပ်သာရှိလို့ ထန်းတက် တောင်သူတွေ တွက်ခြေကိုက်မှု မရှိ ကြောင်း သိရပါတယ်။ ခါတိုင်း ခုလို ကာလတူချိန် လုံးသေးတစ်ပိဿာ ၈၀၀ ကျပ်လောက်ရှိတာ  တွေ့ရပါတယ်။ သကြားဈေးကချိုတော့ ထန်းလျက်ဈေး မလိုက်ဘူးဖြစ်နေတယ်။ အရင်ငံပြာ ရည်စက်ရုံ၊ ကြာညို့စက်ရုံ၊ အရက်ချက် စက်ရုံတွေပို့ရာကနေ အခုမပို့ရတော့ ထန်းလျက်ချက်သူတွေ    ဈေးကွက် ပျောက်နေတယ်။ ထန်းတက်တဲ့သူတွေ လည်း အခြားမြို့ရွာများကို သွားအလုပ် လုပ်ကြလို့ ထန်းမချက်တော့  ထန်း လျက်အထွက်လျော့သွားတယ်လို့ ဆိုပါ တယ်။ အဓိကထန်းလျက်ချက်တဲ့ ရွာက အမျိုးသားတော်တော်များများ ရန်ကုန်၊ ထိုင်း၊ မလေးရှားတွေ ရောက်ကုန်ကြပြီ လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒါကြောင့် ဒေသခံတွေရဲ့ လုပ်သားအင်အားတွေ  မပျောက်ဆုံး အောင် ထန်းလျက်ဈေးကွက်ရှာဖွေဖို့နဲ့ အခြားအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ဖို့    လိုအပ်နေပြီထင်ပါ တယ်။ ထန်းတက်တောင်သူများရဲ့ မျှော် လင့်ချက်ကို ပြည်တွင်း၊ ပြည်ပလုပ်ငန်း ရှင်များရဲ့ ရင်းနှီးမြှုပ်နှံမှုမျှဝေချက်များနဲ့ အတူ ပြည်ပသကြားဈေး စိန်ခေါ်မှုများ ကို ယှဉ်ပြိုင်နိုင်ဖို့ ဝိုင်းဝန်းစဉ်းစားပေး နိုင်ဖို့ တင်ပြလိုက်ရပါတယ်။
ခင်မြင့်မြင့်သန်း-မန္တလေး