Main menu

Background

၂၀၁၂ ချန်ထားရစ်ခဲ့ ရှေ့ဆက်မယ့်စခန်း ၂၀၁၃ ခရီးလမ်းမှာ...

Sun, 01/06/2013 - 05:08 -- ydnar

မည်သို့ပင်ဆိုစေကာမူ ၂၀၁၂ ခုနှစ် ကုန်ခဲ့လေပြီ။အစိုး ရသစ်၏  နိုင်ငံ့တာဝန်များ  ထမ်း ဆောင်သည့်ကာလ  နှစ်နှစ်နီးပါး ရှိပေ တော့မည်။ ချီးမွမ်းသံ၊ ကဲ့ရဲ့သံ၊နှစ်ခြိုက် သံ၊ မနှစ်ခြိုက်သံ  အသံစုံကို အတိုး အကျယ်၊ အနိမ့်အမြင့်တို့ဖြင့်  အရပ် မျက်နှာစုံမှ ကြားခဲ့ရပြီ  ဖြစ်သည်။ မည်သို့သော  အခြေအနေများ ရှိသည် ဖြစ်စေ  ဒီမိုကရေစီအစိုးရသစ်သည် ပြုပြင်ပြောင်းလဲရေးခရီးကြမ်းကို ဆက် လက် လျှောက်လှမ်းရမည်သာ  ဖြစ် သည်။ အလုပ်လုပ်လျှင်ဖြစ်ထွန်းလာ သောရလဒ်၏ အကျိုးသက်ရောက်မှု များကြောင့် အဆိုး  အကောင်း၊ အ ကြောင်း အကျိုးများ ရှိလာမည်။ ထို အဆိုးအကောင်းအခြေအနေများပေါ် တွင် ဝေဖန်သုံး သပ်မှုများစွာမှာလည်း ပေါ်ထွက်လာပေလိမ့်မည်။  ဤသို့ဖြစ် ပေါ်လာသည်မှာ  သဘာဝသာ ဖြစ်၏။ထိုဝေဖန်ချက်များ၊သုံးသပ်ချက်၊ အမြင် အမျိုးမျိုး၊ သိရသမျှ၊  ကြားရသမျှတို့ တွင်  အထူးတလည် ခံစားလျက် မတုံ့ ပြန်နိုင်တော့။ သို့သော် ထိုအမြင်များ၊ ရှုထောင့်များအပေါ်တွင် အလေးဂရုပြု ၍ ဓမ္မဋ္ဌိဓာန်ကျကျ စဉ်းစားသုံးသပ်မှု များသာ ပြုလုပ်ကြရသည်။ ဖြတ်သန်းခဲ့ သော ကာလတစ်လျှောက်  အားနည်း ချက်များ၊ အားသာချက်များကို  ပြန် လည်လေ့လာ၍   အမြော်အမြင်ရှိ သော မျက်စိ၊ ပညာပါသော အသိ တရားတို့ဖြင့်  ပြန်လည်ဆင်ခြင်ရုံသာ ရှိသည်။  ထို့အပြင် နိုင်ငံတကာ အဖွဲ့ အစည်းများ၊  ကျွမ်းကျင်သူများထံမှ သုံးသပ်ချက်များ၊ အများပြည်သူတို့၏ အသိအမြင်၊ ခံစားချက်များကို  ကိုယ် စားပြုသည့် မီဒီယာများ မှဖော်ပြချက် များ၊ ပြည်တွင်းအရပ်ဖက် လူ့အဖွဲ့အ စည်းများမှ ရှုမြင်ချက်များကိုလည်း ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို   အ ကောင်အထည်ဖော်နေသော  အစိုးရ အဖွဲ့အတွက် အလေးဂရုပြုစရာ၊ အ ထောက်အကူရစရာအချက်အလက်များ အဖြစ်သဘော ထားကြရမည်သာ ဖြစ် သည်။

အချိန်ရထားကြီးသည်   ပုံမှန် အ ဆက်မပြတ် ဆက်လက်  ခုတ်မောင်း လျက်ရှိရာ ၂၀၁၂ ခုနှစ် ကာလပြုပြင် ပြောင်းလဲရေး ခရီးအစိတ်အပိုင်းကို  အကောင်းအဆိုး၊ အကြောင်း အကျိုး များဖြင့် ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ယခု ၂၀၁၂ ခုနှစ် ခရီးကိုကျော် လွန်၍ ၂၀၁၃ ခုနှစ်ကို ဆက်လက်ဖြတ်သန်း မောင်းနှင် နေလေပြီ။ ဖြတ်သန်းခဲ့သော ခရီးများတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့ အကြုံများကို သင်ခန်းစာယူ၍ အနာ ဂတ်လမ်းတွင် ခလုပ်မထိ  ဆူးမငြိဘဲ၊  ဘေးကင်းလုံခြုံစွာ သွားနိုင်ရေးအတွက် လုပ်ဆောင်နိုင်ကြရမည်။  ဒီမိုကရေစီ ခရီးလမ်း၊ ဈေးကွက်စီးပွားရေးနည်း လမ်း တို့ဖြင့်လူ အဖွဲ့အစည်းသစ်ဆီ သို့ ဖြတ်သန်းနေသော အစိုးရသစ်သည် လည်း ဖြတ်သန်းခဲ့သည့်  ကာလတစ် လျှောက်ကို  ပြန်လည်  လှည့်စောင်း ကြည့်ရင်း  တွေ့မြင်ခဲ့ရသည့် အားနည်း ချက်များ၊ လိုအပ်ချက်များကို   ဖြည့် ဆည်းကာ ဖြတ်သန်းရဦးမည့်ရှေ့အနာ ဂတ်ခရီးအတွက် ပြင်ဆင်မှုများ ဆက် လက်ပြုလုပ်လျက် ရှိနေပြီဖြစ်သည်။
 
နှစ်သစ်အမှာပါး အလေးထားရမည့် စကားလက်ဆောင် နိုင်ငံတော်သမ္မတသည်  ၂၀၁၂ ခုနှစ် ကုန်ခါနီး  လေးငါးရက်အလိုတွင် အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံ အုပ်ချုပ်မှုများနှင့်  ပတ်သက်၍  နိုင်ငံ ပြုပြင်ရေး  လုပ်ငန်းစဉ်တွင် အဓိက တာဝန်ယူ  လုပ်ဆောင်နေကြသော သူ များအား  မိန့်ခွန်းပြောကြားခဲ့သည်။နှစ်အကုန် သုံးသပ်ချက်ဖြစ်သကဲ့သို့ နှစ် သစ်အတွက်  ပြင်ဆင်စရာများလည်း ဖြစ်သည်။ ကုန်ဆုံးခဲ့သော ၂၀၁၂ခုနှစ် တစ်လျှောက် အခြေအနေများ၊  လို အပ်ချက်များ၊ ဆက်လက်လုပ်ဆောင်ရ မည့် တာဝန်များ စသဖြင့် နိုင်ငံတော် သမ္မတ၏ သုံးသပ်ချက်ပါမိန့်မှာ ချက် များဖြစ်သဖြင့် နှစ်သစ်အတွက်  အ လေးထား လုပ်ဆောင် စရာများအဖြစ် သဘောထားမှတ်ယူရန်၊အလေးအနက် ထား၍ တိတိကျကျ လိုက်နာရန်လို ပေ သည်။ နိုင်ငံတော်သမ္မတကြီး၏  မိန့်မှာ ချက်ထဲတွင်  အဓိကအားဖြင့် ပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်များ  ထိရောက် စွာ  အကောင်အထည်ဖော်နိုင်ရေး အတွက်  အစိုးရယန္တရား၏ စီမံအုပ်ချုပ် လုပ်ကိုင်မှု အခြေအနေ  အရပ်ရပ်ကို အထူးအလေးပေး ပြောကြားသည်ကို တွေ့ရှိရသည်။ ပြည်သူများမှ ရွေးချယ် တင်မြှောက်ထားသည့်   အစိုးရအဖွဲ့ အစည်းနှင့် အစိုးရအဖွဲ့အစည်း၏လုပ် ငန်းများကို ပြည်သူ့ဘဏ္ဍာကို အသုံးပြု ၍ အကောင်အထည်ဖော်လုပ်ဆောင် နေသော၊ ဘဝရပ်တည်မှုအတွက် ပြည် သူ့ဘဏ္ဍာအပေါ်  မှီခိုရပ်တည်နေရ သည့် နိုင်ငံ့ဝန်ထမ်းများ ကောင်းမွန် သည့် အုပ်ချုပ်မှုစနစ်၊ သန့်ရှင်းသည့် အစိုးရဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုး ပမ်းကြစေရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးကိစ္စအ၀၀တွင် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ကြရန်နှင့် အစိုးရ ဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှု စနစ် တိုးတက်ကောင်းမွန်အောင်ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ တတိယ အဆင့်လုပ်ငန်းအဖြစ်  သတ်မှတ်အ ကောင်အထည်ဖော်  ဆောင်ရွက်သွား ရန်လည်း မှာကြားခဲ့သည်။ လက်ရှိကာ လ အခြေအနေနှင့် အနေအထားများ အရအလွန်သင့်လျော်သော  လုပ်ငန်းစဉ် ကြီးတစ်ရပ်ကို သမ္မတကြီးက  အမြော် အမြင်ရှိစွာ လမ်းညွှန်ခဲ့ခြင်းဟု သုံးသပ် မိသည်။ နိုင်ငံတော်သမ္မတကြီး ထောက် ပြပြောဆိုသကဲ့သို့ပင်    အများပြည်သူ လူထုနှင့်   ထိတွေ့ဆက်ဆံနေရသော အစိုးရအဖွဲ့ကိုယ်စားပြု  အောက်ခြေ အဆင့် ဌာနဆိုင်ရာများသည် ပြည်သူလူ ထုနှင့်ဆက်ဆံရာတွင် အဆင်မပြေမှု များစွာ ဖြစ်ပေါ်လျက်ရှိနေသည်။ ရှိသင့် သည်များ မရှိသေးခြင်းနှင့်  မရှိသင့်သည် များ ရှိနေသေးခြင်းတို့ ဖြစ်ထွန်းနေဆဲ ဖြစ်သည်။ -    အများပြည်သူလူထု၏ ဆန္ဒနှင့် အသံဂရုမပြုဘဲ  ဆောင်ရွက်မှု များ ရှိနေသေးခြင်း။ -    လုပ်ဆောင်မှုများကို အများပြည် သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိ အောင်အသိပေးမှုမရှိသေးခြင်း။ -    အများပြည်သူလူထု၏ မေးမြန်း ချက်၊  တောင်းဆိုချက်များကို တာဝန်ယူ ဖြေရှင်းပေးမှု  မရှိ သေးခြင်း။ -    ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ စီမံအုပ်ချုပ် လုပ်ကိုင်မှု မရှိသေးခြင်း။ -    အဂတိလိုက်စားမှု၊  လာဘ်ပေး လာဘ်ယူမှုများရှိနေသေးခြင်း။ -    အများပြည်သူလူထု၏  လိုအပ် ချက်များကို  လုပ်ဆောင်ရာ တွင် လျင်မြန်ချောမွေ့မှုမရှိဘဲ နှောင့်နှေးကြန့်ကြာမှုနှင့်အခက် အခဲများရှိနေသေးခြင်း နှင့် -    စီမံအုပ်ချုပ်မှုစွမ်းရည် ကျဆင်း နေသေးခြင်း။စသည့် လိုအပ်နေသေးသော အားနည်း ချက်၊ ချို့ယွင်းချက်များကို သမ္မတကြီးက တိတိကျကျထောက်ပြ၍ ပြုပြင်ပြောင်း လဲသင့်သည်များကိုပါ လမ်းညွှန်ခဲ့သည်။ နိုင်ငံတော်  သမ္မတကြီး၏ နှစ် အကုန်သုံးသပ်ချက်၊ နှစ်သစ်လမ်းညွှန် ချက်များကို ဆက်လက်ဖြတ်သန်းရမည့် အနာဂတ်ကာလ နိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်တွင် အရေးပါသည့် အစိုးရယန္တရားပြုပြင်ရေး လုပ်ဆောင် ချက်များအတွက် လုပ်ငန်းလမ်းညွှန်များ အဖြစ် ခံယူလုပ် ကိုင်ဆောင်ရွက်သင့်ပေ သည်။
၂၀၁၃ ကို  လမ်းညွှန်ပေးသော  ဦးတည်ချက်များ နှစ်အစတွင်  တစ်နိုင်ငံလုံးကို အင်္ဂလိပ်လက်အောက်မှ  လွတ်မြောက် စေခဲ့သော လွတ်လပ်ရေးနေ့  အခမ်း အနားကြီးကလည်းနှစ်တိုင်းကျင်းပပြုလုပ် လျက်ရှိနေသည်။  ယခုနှစ်  (၂၀၁၃ ခုနှစ်) (၆၅)နှစ်မြောက် လွတ်လပ်ရေး နေ့ အမျိုးသားရေး ဦးတည်ချက်များမှာ လည်း လာမည့်၂၀၁၃ ခုနှစ်တစ်ခုလုံး အတွက် ပြုပြင်ပြောင်းလဲရေး  ခရီးစဉ် အတွက် အဓိဋ္ဌာန်ပြု  လုပ်ဆောင်သင့် သည့်အရာများလည်း သဘောထားယူ ဆနိုင်သည်။ ယခုနှစ် လွတ်လပ်ရေးနေ့ ဦးတည်ချက် ၄ ချက်ရှိသည်။  ပထမဦး တည်ချက်နှင့်  ဒုတိယဦးတည်ချက်တို့ သည် စည်းလုံးညီညွတ်စွာ  နေထိုင်၍ နိုင်ငံ့အင်အား တည်ရှိမှုကို ပြသနိုင်ရန် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး နှင့် နိုင်ငံအတွင်း နေထိုင်သော တိုင်း ရင်းသား  လူမျိုးပေါင်းစုံတို့၏ ကျစ်လျစ် ခိုင်မာမှုကိုပြသနိုင်ရန်ဖြစ်သည်။တတိယ ဦးတည်ချက်မှာ စစ်မက်ဖြစ်ပွားမှု ကင်း ဝေးကာထာဝရငြိမ်းချမ်းမှုရရှိရေးဖြစ်ပြီး စတုတ္ထဦးတည်ချက်မှာ  ပြည်သူများလို လားတောင့်တနေသည့်  စစ်မှန်၍ ရေ ရှည်ခံသည့် ဒီမိုကရေစီစနစ်တစ်ရပ်၏ အခြေခံလိုအပ်ချက်များဖြစ်သည့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များ ထိရောက်မှန် ကန်မှုရှိရေးနှင့် အများပြည်သူတို့၏ လူနေမှုဘ၀ ပိုမို ကောင်းမွန်လာနိုင်ရေးအတွက်  နည်း လမ်းကောင်းများ ရှာဖွေလုပ်ဆောင်ရေး နှင့် ဆင်းရဲနွမ်းပါးမှု ကျဆင်းစေရန်ဖြစ် သည်။ အချိန်ရထားကြီးက ပုံမှန်နှုန်းဖြင့် တရွေ့ရွေ့ ခရီးနှင်နေဆဲဖြစ်သည်။နှစ် ဟောင်း ၂၀၁၂ က ကုန်ဆုံးခဲ့ပြီ။ နှစ် ဟောင်းတွင်  ဖြစ်ပျက်ခဲ့သော အဆိုး အကောင်းများကိုဆင်ခြင်သုံးသပ် သတိ သံဝေဂယူ၍  ပိုမိုကောင်းမွန်သော အခြေအနေများမျှော်လင့်လျက် နှစ်သစ် သို့ ဆက်လက်လျှောက်လှမ်းရမည်သာ ဖြစ်သည်။