၂၀၁၂ ခုနှစ်အတွင်း ဗီယက်နမ် ဆန်တင်ပို့မှု တန်ချိန် ၈ သန်းကျော်အထိ ရောက်ရှိခဲ့
၂၀၁၂ ခုနှစ်အတွင်း ဗီယက်နမ် ဆန်တင်ပို့မှုဟာ တန်ချိန် ၈ ဒသမ ၀၅ သန်းအထိ ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ ဗီယက်နမ်အထွေထွေ စာရင်းအင်းရုံး (GSO)က ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တယ်။ ၂၀၁၁ ခုနှစ်အတွင်းက တန်ချိန် ၇ ဒသမ ၁ သန်းသာတင်ပို့ခဲ့ရပြီးယခုနှစ်တင်ပို့မှုမှာတော့ ၁၃ ရာခိုင်နှုန်း ဝန်းကျင် ပိုမိုလာခဲ့တယ်လို့ GSO က စာရင်း ထုတ်ပြန်ထားတယ်။ ဗီယက်နမ်အစိုးရဟာ ၂၀၁၂ ခုနှစ်အတွင်း ဆန်တင်ပို့မှု တန်ချိန် ၇ ဒသမ ၇ သန်းကျော်လွန်မယ်ခန့်မှန်းထားပေမယ့် အမေရိကန်လယ်ယာ စိုက်ပျိုးရေ းဌာန (USDA) နဲ့ ကုလ သမဂ္ဂစားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့အစည်း (FAO)ကလည်း တန်ချိန် ၇ ဒသမ ၅ သန်းဝန်းကျင်သာ တင်ပို့နိုင် မယ်လို့ ခန့်မှန်းထားခဲ့တယ်။
ဒါပေမဲ့လည်း ဗီယက်နမ်ဟာခန့်မှန်းထားတဲ့ ပမာဏထက်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။၂၀၁၂ ခုနှစ် ဆန် တင်ပို့မှုပမာဏဟာ ၂၀၁၁ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်းပိုမိုခဲ့ပေမဲ့ ဝင်ငွေအနေနဲ့ များစွာတိုးတက်မှုမရှိဘဲ သုည ဒသမ ၉ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ဝင်ငွေကန်ဒေါ်လာ ၃ ဒသမ ၆၉ ဘီလီယံဝန်းကျင် သာရရှိခဲ့တယ်လိ့ု GSO ကအစီရင်ခံ ထားတယ်။Source:Oryza.com,ပပ
