Main menu

Background

မြဝတီနဲ့ မောင်တောမှအပ ကျန်နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဒေသဆန်ဈေးများ တည်ငြိမ်လျက်ရှိ

Sun, 01/06/2013 - 05:25 -- ydnar

နယ်စပ်ကုန်သွယ်ရေးစခန်းများအနက်မှ မြဝတီနှင့် မောင်တောနယ်စပ်ဒေသရှိ ဆန်ဈေးများအတက်အကျ အနည်းငယ်ရှိတာကိုတွေ့ရပြီး ကျန်စခန်းအသီးသီးတွင် ယခင်အပတ် ဆန်ဈေးနှုန်းအတိုင်း တည်ငြိမ်နေ တယ်လို့ သိရပါတယ်။ မြဝတီ နယ်စပ်မှာ ယခင်အပတ်ကထက် ဆန်ဈေးအနည်းငယ ်ပြန်ကျလာတာကို တွေ့ရပါ တယ်။ ယခင်အပတ်က ဧည့်မထ တစ် ပြည်ကို ၁၂၀၀ိ/- ဈေး ရှိခဲ့ရာမှ ယခု အပတ်မှာ ၁၁၀၀ိ/- သို့ ကျခဲ့တာဖြစ်ပါတယ်။  မောင်တောနယ်စပ်မှာ ယခင် အပတ်က ဧည့်မထ တစ်ပြည်ကို ၇၅၀ိ/-ကျပ် ဈေးရှိခဲ့ရာမှ ယခုအပတ်တွင် ၈၀၀ိ/-ကျပ်သို့ ဈေးတက်လာတာ တွေ့ရပါတယ်။

ယခုအပတ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိ နယ်စပ်ဒေသများရှိ  ဆန်တစ်ပြည် ဈေးနှုန်းများကို  Commerce Journal စာဖတ် ပရိသတ်များအား အသိပေးလိုက်ရပါတယ်။ ပေါ်ဆန်းမွှေး ဆန်တစ် ပြည်ကိုမူဆယ်မှာ၁၆၅၀ိ/-၊လွယ်ဂျယ်မှာ ၁၇၉၂ ိ/-၊ ချင်းရွှေဟော်မှာ၂၀၀၀ိ/-၊ မြိတ်မှာ ၁၃၀၀ိ/-၊ ကော့သောင်းမှာ ၁၇၀၀ိ/-၊ စစ်တွေမှာ ၁၁၀၀ိ/- ဈေး အသီး သီးရှိပါတယ်။ ဧည့်မထဆန်တစ်ပြည်ကို မြဝတီဒေသမှာ ၁၁၀၀ိ/-၊ တာချီလိတ် ဒေသမှာ ၈၅၀ိ/-၊ မောင်တောဒေသမှာ ၈၀၀ိ/- ဈေးရှိပါတယ်။ ဧရာမင်းဆန် တစ်ပြည်ကို တမူးမှာ ၉၀၀ိ/-၊ ရိဒ်နယ်စပ်ဒေသမှာ ၉၁၀ိ/- ဈေး ဖြစ်ကြောင်း  သိရပါတယ်။ဆွေဆွေဝင်း၊MIRT (DOBT)