Main menu

Background

အိန္ဒိယတွင် ပဲသစ်များ စပေါ်သော်လည်း မတ်ပဲ၊ ပဲစင်းငုံနဲ့ ကုလားပဲကြိုပွိုင့်ဈေးများမြင့်လာ မိုးပဲအထွက်လျော့သလို ဆောင်းပဲအစိုက်လျော့နေသေး

Sun, 01/06/2013 - 05:29 -- ydnar

အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ကြိတ်ခွဲစက်တွေက ကုလားပဲကို ဝယ်အားကောင်းလာတဲ့အတွက် ကုလားပဲ ကြို ပွိုင့်ဈေးတွေလည်း ဗုဒ္ဓဟူးနေ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က မြင့်တက်ခဲ့ပါတယ်။ NCDEX  ကုန်စည်ဒိုင်မှာ   ဇန်နဝါရီလပစ္စည်းပို့နဲ့ကုလားပဲဈေးသုည ဒသမ ၇၇ ရာခိုင်နှုန်း မြင့်ပြီး ၁၀၀ ကီလိုဂရမ်ကို ၃၉၀၈ ရူပီးဈေး (တစ်တန် ၇၁၉ ဒေါ်လာ)ခန့် ဈေးရှိလာပါတယ်။ နယူးဒေလီ လက်ငင်းဈေး ကွက်တွေမှာလည်း ကုလားပဲ ၁၀၀ ကီလိုဂရမ်ကို ၃၇ ဒသမ ၅ ရူပီး မြင့်တက်ပြီး ၃၉၇၅ ရူပီး (တစ်တန် ကို ၇၃၁ ဒေါ်လာ)ခန့် အထိ ဈေးရှိနေပါတယ်။ ကြိတ်ခွဲစက်တွေ ဝယ် အားကောင်းလာတာကြောင့် ပြည်တွင်းမှာ ကုလားပဲအသစ် ပေါ်ထွက်လာတဲ့အထိ ဈေးခိုင်မာနေမှာဖြစ်ပါတယ်။ မွန်ဘိုင်း ဈေးကွက်မှာလည်း မတ်ပဲ၊ ပဲစင်းငုံကို ပဲခွဲစက်တွေနဲ့ ကုန်သည် တွေ ဝယ်အားရှိလာတဲ့အတွက် ဈေးတက်လာခဲ့ပါတယ်။

ဗီဂျေဝါဒါး ကုလားပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းအသစ်တွေ စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ လတ္တာမှာ ကုလားပဲ၊ ပဲစင်း ငုံဖြူ၊ နီတွေ ထွက်ပေါ်နေပြီဖြစ်ပါတယ်။ မဒ္ဒရာပရာဒက်ရှ် ပြည်နယ်အချို့မှာလည်း ပဲစင်းငုံနီစတင်ထွက်ရှိနေပြီ ဖြစ် ပါတယ်။ မြန်မာနိုင်ငံက မတ်ပဲ၊ ပဲတီစိမ်းတွေနဲ့ အခြားပဲတင်ပို့တဲ့ ကနေဒါ၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ရုရှားနဲ့ အာဖရိကနိုင်ငံတွေဖြစ်တဲ့ တန်ဇန်းနီးယားနဲ့ မိုဇမ်းဘစ်နိုင်ငံ တွေက ပဲတွေလည်း အိန္ဒိယနိုင်ငံကို ဝင်ရောက်နေတာတွေ့ရ ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်ကနေ ၃၁ ရက်အတွင်း အိန္ဒိယJNPT ဆိပ်ကမ်းကို သြစတြေးလျ ကုလားပဲ ကွန်တိန်နာ ၈၆၁ လုံး၊ သြစတြေးလျ Masoor  ၃၉ လုံး၊ ကနေဒါ Masoor  ၆၇ လုံး၊ မြန်မာပဲစင်းငုံ ၁၀ လုံး၊ မတ်ပဲ ၁၀၀ လုံး နဲ့ ပဲတီစိမ်း ၅ လုံး ၊ ရုရှား ကုလားပဲဖြူအခြမ်း ၄ လုံး၊ တန် ဇန်းနီးယားကုလားပဲ ၆ လုံးနဲ့ ပဲစင်းငုံ ၁၆၈ လုံး၊ အမေရိကန် ကုလားပဲ ၁၁ လုံးနဲ့ Yellow Peas  ၃ လုံး၊ မာလာဝီမှ ပဲတီစိမ်းကွန်တိန်နာ ၄၁ လုံးနဲ့ ပဲစင်းငုံ ၅၇ လုံး၊ မိုဇမ်းဘစ်ပဲစင်းငုံ ၂၂ လုံးတို့ ဝင်ရောက်ခဲ့တယ်လို့ သိရပါ တယ်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ပထမအကြိမ်ခန့်မှန်း ချက်အရ မိုးပဲထုတ်လုပ်မှုမှာ ယခင်နှစ် အထွက်တန် ၆ ဒသမ ၁၆ သန်းကနေ ဒီနှစ်မှာ ၅ ဒသမ ၂၆ သန်းကို ကျဆင်းနိုင် ကြောင်း သိရပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်အရ ဒီဇင်ဘာလ  ၂၈ ရက်အထိ ဆောင်းပဲမျိုးစုံ စိုက်ပျိုး မှုဟာ ပြီးခဲ့တဲ့ ကာလတူက ဟက်တာ ၁၃ ဒသမ ၄၁ သန်းရှိ ရာမှ ယခုနှစ်မှာ ဟက်တာ ၁၃ ဒသမ ၂၅ သန်းအထိသာ စိုက်ပျိုးထားလို့ ဟက်တာ ၁ ဒသမ ၆၂ သိန်းခန့် ၁ ဒသမ ၂ ရာခိုင်နှုန်းလျော့နည်းနေသေးတယ်လို့ သိရပါတယ်။ ပဲထုတ်လုပ်မှုအနေနဲ့ ၂၀၁၁-၂၀၁၂ အတွင်း တန်ချိန် ၁၇ ဒသမ ၂၁ သန်းခန့်ရှိပြီး နွေပဲမျိုးစုံ ထွက်ရှိမှုစာရင်းရရှိပါ က တန်ချိန် ၁၈ သန်းကျော်ဖွယ်ရှိကြောင်း သိရပါတယ်။ အိန္ဒိယ အစိုးရအနေနဲ့ အဓိကအစားအစာဖြစ်တဲ့ ပဲမျိုးစုံကို တောင်သူတွေ ပိုစိုက်ပျိုးလာဖို့ အနိမ့်ဆုံးသတ်မှတ်ဈေးတွေ တိုးမြှင့်ပြီး တွန်းအားပေးဆောင်ရွက်နေပေမဲ့ ပဲစိုက်ပျိုးမှုက ယခင်နှစ်ကထက် လျော့ကျနေဆဲဖြစ်တယ်လို့ သိရပါတယ်။နှင်းဒေဝီ