Main menu

Background

ပဲ၊ ပြောင်း၊ နှမ်း အရောင်းအဝယ်ရှိတဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ

Sun, 01/06/2013 - 05:33 -- ydnar

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပဲ၊ ပြောင်း၊ နှမ်းအရောင်း အဝယ်ပြုလုပ်နေတဲ့ မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း၊ မြင်းခြံကုန်စည်ဒိုင်နှင့် ကျောက်ပန်း တောင်းကုန်စည် ဒိုင်တို့ရှိကြတဲ့အနက် မန္တလေးကုန်စည်ဒိုင်ကလွဲပြီး၊ ကျန်ကုန်စည်ဒိုင်နှစ်ခုမှာ အရောင်းအဝယ် အေးလျက်ရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တရုတ်ကို တိုက်ရိုက်ပို့နေတဲ့ နှမ်းဖြူ၊ နှမ်း ညို၊ နှမ်းနက်နဲ့ နှမ်းနက် (စမုံ)၊ ပဲတီစိမ်းကြီးတို့မှာ ဈေးသင့်တင့်ပြီး အရောင်းအဝယ်ကောင်းနေ ပါတယ်။ပြောင်းဖူးစေ့ အမျိုးမျိုး၊ ပဲလွန်း ဖြူနဲ့ ပဲယင်းတို့မှာ ဈေးငြိမ်နေပြီးအရောင်းအဝယ်အေး လျက်ရှိပါ တယ်။Over Sea အဖြစ်တင်ပို့မယ့် ကုန်ပစ္စည်းများကို ရန်ကုန် ဝယ်လက်များ လာရောက်ဝယ်ယူမှုရှိပြီး၊ အဓိကဝယ်ယူတာ ကတော့ မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲစင်းငုံ (ရွှေဘိုစ)၊ ကုလားပဲဖြူကြီးနဲ့ ကုလားပဲထိုင်ဝမ်ဖြစ်ကြောင်း၊ မတ်ပဲ၊ ကုလားပဲဖြူကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်) တို့မှာ လတ်တလောအခြေအနေအရ ဈေးအေးသလို အရောင်းအဝယ်လည်းအေးလျက်ရှိပါတယ်။ပဲစင်းငုံများကို ရန်ကုန် ဝယ်လက်မှ အဝယ်လိုက်တဲ့အတွက် ဈေးငြိမ်ပြီး အရောင်းအဝယ် သွက်လက်တဲ့ အနေအထားမှာ ပုံမှန်ရှိနေပါတယ်။

ယခုနှမ်းတစ်ပိဿာပေါက်ဈေးများမှာ နှမ်းဖြူ ၂၁၇၈ ကျပ်၊ နှမ်းညို၂၀၀၀ ကျပ်၊ နှမ်းနက် ၂၅၁၁ ကျပ်၊ နှမ်းနက် (စမုံ) ၂၇၇၈ ကျပ်ဖြစ်ပြီး၊ ပဲတီစိမ်းကြီးတစ်ပိဿာ ၁၁၀၂ ကျပ်၊ ပြောင်းဖူးစေ့ (ရှမ်း) ၃၄၈ ကျပ်၊ ပြောင်းဖူးစေ့ (CP) ၃၅၆ ကျပ်၊ ပဲလွန်းဖြူ ၁၀၆၇ ကျပ်၊ ပဲယင်း ၄၃၃ ကျပ်ဖြင့် ဈေးပေါက်လျက်ရှိပြီး နေ့စဉ် ဝယ်ယူရောင်းချရတဲ့ အခြေအနေမှာ နှမ်းမျိုးစုံ ၄၀၀၀ မှ ၄၅၀၀ အိတ်၊ ပဲတီစိမ်းကြီး ၈၀၀ မှ ၁၄၀၀ အိတ်၊ ပြောင်းဖူးစေ့ ၁၀၀၀ မှ ၁၅၀၀ အိတ်၊ ပဲလွန်းဖြူ ၃၀၀ မှ ၆၀၀ အိတ်၊ ပဲယင်း ၃၀၀ မှ ၅၀၀ အိတ် (ပဲ၊ ပြောင်း၊ နှမ်း အားလုံး ၃ တင်းဝင်အိတ်) တရုတ်ဝယ်လက်များနဲ့ ဒေသတွင်းကုန်သည်များမှ ဝယ်ယူမှုရှိ ကြောင်းသိရပါတယ်။ လက်ရှိ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ကုန်သည်များရဲ့ပဲများ လတ်တလောလက်ရှိ ပေါက်ဈေးများမှာ မတ်ပဲ ၆၆၇ ကျပ်၊ ပဲစင်းငုံနီ ၈၅၀ ကျပ်၊ ပဲစင်းငုံ (ရွှေဘို) ၆၂၅ ကျပ်၊ ကုလားပဲဖြူကြီး ၈၄၇ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၉၄၂ ကျပ်၊ ပဲပုပ် (ရှမ်း) ၁၀၃၃ ကျပ်၊ ပဲပုပ် (ဗမာ) ၁၁၆၄ ကျပ်နဲ့ ထောပတ်ပဲ (သစ်) ၁၁၅၆ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ နေ့စဉ်ရောင်းဝယ်မှုအခြေအနေမှာ မတ်ပဲ ၄၀၀ မှ ၇၀၀ အိတ်၊ ပဲစင်းငုံ (နီ) (ရွှေဘို) ၁၅၀၀ မှ ၂၅၀၀ အိတ်၊ ကုလားပဲဖြူကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်) ၁၀၀၀ မှ ၁၅၀၀ အိတ်၊ ပဲပုပ် ၈၀၀ မှ ၁၀၀၀ အိတ်၊ ထောပတ်ပဲ ၃၀၀ မှ ၅၀၀ အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး၊ ပဲစင်းငုံမှလွဲ၍ အခြားပဲအမျိုးမျိုးဈေးငြိမ်၊ ဈေးအေး ဖြင့် အရောင်းအဝယ် အေးလျက်ရှိကြောင်းသိရပါတယ်။ ကျောက်ပန်းတောင်းကုန်စည်ဒိုင်မှာ အဓိကအရောင်းအဝယ် ဖြစ်နေတဲ့ ပဲစင်းငုံဈေးမှာ တစ်ခါတရံ မန္တလေး ဈေးနဲ့တူညီနေပြီး၊ မန္တလေးဈေးအောက်သို့လည်း ရောက်တတ်ကြောင်း၊ မန္တလေးသို့ အရောင်းရှိသလို ရန်ကုန်သို့လည်း အရောင်းရှိကြောင်း၊ အခြား ပဲများ အရောင်းအဝယ် အနည်းငယ်မျှသာရှိကြောင်း၊ ယခုပဲစင်းငုံ တစ်ပိဿာ ပေါက်ဈေးမှာ ၈၅၀ ကျပ်ဖြစ်ပြီး၊ နေ့စဉ် အိတ် ၂၅၀ မှ ၇၀၀ အိတ် (တစ်တင်းခွဲအိတ်) အရောင်းအဝယ်ဖြစ်ကြောင်း၊ ကျောက်ပန်းတောင်း ကုန်စည်ဒိုင်က သိရပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ အဓိက အရောင်းအဝယ်ပြုလုပ်နေတဲ့ ပဲ၊ ပြောင်း၊ နှမ်းများမှာ ပဲစင်းငုံနီ၊ အထွက် တိုးပြောင်း၊ နှမ်းညို၊ ပဲပုပ်၊ ကုလားပဲဖြူကြီးတို့ဖြစ်ကြောင်း၊ ယခုလက်ရှိ အရောင်းအဝယ် ပြုလုပ်နေသော ပဲ၊ ပြောင်း၊ နှမ်းတစ်ပိဿာဈေးနှုန်းများမှာ ပဲစင်း ငုံနီ ၈၅၀ ကျပ်၊ ကုလားပဲဖြူကြီး ၈၂၅ ကျပ်၊ ပဲပုပ် ၁၀၉၀ ကျပ်၊ ဆန်ပြောင်း ၅၈၀ ကျပ်ဖြစ်ပြီး၊ ယခုတစ်ပတ်အတွင်း  နေ့စဉ် အရောင်းအဝယ်ဖြစ်မှုပမာဏမှာ ပဲစင်းငုံနီ ၁၅၀ မှ ၆၀၀ အိတ်၊ ကုလားပဲဖြူကြီး ၅၀ မှ ၁၅၀ အိတ်၊ ပဲပုပ် ၃၀ မှ ၁၀၀ အိတ်၊ ဆန်ပြောင်း ၁၀၀ မှ ၂၅၀ အိတ်၊ နှမ်းညို ၃၀ မှ ၅၀၀ အိတ် (တစ်တင်းခွဲအိတ်) အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ သက်တမ်းကြာမြင့်ပြီးဖြစ်တဲ့ မန္တလေးမြို့ ပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းမှာ မြန်မာနိုင်ငံရဲ့ အလယ် ဗဟိုအချက်အချာကျတဲ့ မြို့ဖြစ်တဲ့အတွက် ဈေးကွက်ကောင်းမွန်ပြီး အရောင်း အဝယ်စည်ကား ပါတယ်။ တရုတ်ဝယ်လက်၊ အိန္ဒိယ ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်များ တိုက်ရိုက်လာ ရောက်ဝယ်ယူမှုရှိ သလို ပွဲစားများမှတစ်ဆင့် ဝယ်ယူမှုလည်းရှိပြီး ဝယ်လက်ရဲ့ ဝယ် လိုအားပေါ်တည်မှီပြီး အရောင်းအဝယ်ဖြစ်မှုရှိပါတယ်။ သက်တမ်း အလယ်အလတ်ရှိတဲ့ မြင်းခြံကုန်စည်ဒိုင်မှာ အရောင်း အဝယ်ဖြစ်မှု အရှိန်အဟုန်ကောင်းလာပြီး သီးနှံ တစ်မျိုး၊ နှစ်မျိုးတည်းအပေါ် မှီခိုမှုမရှိတော့ဘဲ သီးနှံစုံအရောင်းအဝယ်ဖြစ်လာသလို ကျောက် ပန်းတောင်း ကုန်စည်ဒိုင်မှာ သက်တမ်းနုသေးတာကြောင့် သီးနှံ တစ်မျိုး၊ နှစ်မျိုး (ဥပမာ-နှမ်းညို၊ ပဲစင်းငုံနီ) ကိုသာ အမှီပြုပြီး အရောင်းအဝယ ်ပြုလုပ်နေရ သေးပါကြောင်း သိရပါတယ်။စိုးအောင်-မန္တလေး