Main menu

Background

ပခုက္ကူကုန်စည်ဒိုင်ရဲ့ ၂၀၁၃ ခုနှစ် အရောင်းအဝယ် မင်္ဂလာနိဒါန်း

Sun, 01/06/2013 - 06:11 -- ydnar

၂၀၁၃ ခုနှစ်အစ ဇန်နဝါရီလရဲ့ ပထမပတ် ပခုက္ကူ ကုန်စည်ဒိုင်ရဲ့ အရောင်းအဝယ်နိဒါန်းကို ကြည့်ရအောင်ပါ။ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ပဲစင်းငုံနီသစ် တစ်ပိဿာ ၈၆၀ ကျပ်၊ တစ်တင်း ၁၇၂၀၀ ကျပ်နဲ့ အိတ် ၃၀၀၊ ပဲတီစိမ်း သေး တစ်ပိဿာ ၁၁၀၅ ကျပ်၊ တစ်တင်း ၂၁၀၀၀ ကျပ်နဲ့ အိတ် ၅၀၀၊ ၂ ရက်နေ့မှာ ပဲစင်းငုံနီသစ်က တစ်ပိဿာ ၈၆၅ ကျပ်၊ တစ်တင်း ၁၇၃၀၀ ကျပ်နဲ့ အိတ် ၃၅၀၊ ပဲတီစိမ်းသေး တစ်ပိဿာ ၁၀၇၈ ကျပ်၊ တစ်တင်း ၂၀၅၀၀ ကျပ်နဲ့ အိတ် ၁၅၀၊ နှမ်းနက် တစ်ပိဿာ ၂၃၆၆ ကျပ်၊ တစ်တင်း ၃၅၅၀၀ ကျပ်နဲ့ ၇၅ အိတ်၊ ၃ ရက်နေ့မှာ ပဲစင်းငုံနီသစ် တစ်ပိဿာ ၈၇၀ ကျပ်၊ တစ်တင်း ၁၇၄၀၀ ကျပ်နဲ့ အိတ် ၂၅၀၊ စိမ်းသေး တစ်ပိဿာ ၁၀၉၄ ကျပ်၊ တစ်တင်း ၂၀၈၀၀ ကျပ်နဲ့ အိတ် ၂၁၀၊ ပဲပုပ်တစ်ပိဿာ ၈၅၀ ကျပ်၊ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အိတ် ၂၀၀၊ ပြောင်းဖူးစေ့ တစ်ပိဿာ ၃၃၃ ကျပ်၊ တစ်တင်း ၆၀၀၀ ကျပ်နဲ့ အိတ် ၂၀၀၊ ပြောင်းဆန်အနက် တစ်ပိဿာ ၅၀၀ ကျပ်၊ တစ်တင်း ၁၀၀၀၀ ကျပ်နဲ့ အိတ် ၃၀၀၊ ပြောင်းဆန်အနီ တစ်ပိဿာ ၄၂၅ ကျပ်၊ တစ်တင်း ၈၅၀၀ ကျပ်နဲ့ အိတ် ၂၀၀ ပစ္စည်းတော်တော်များများ အရောင်း အဝယ် ဖြစ်တာ တွေ့ရပါတယ်။

ကုန်စည်ဒိုင်မှာ ပစ္စည်းတင်ရောင်း ဈေးနှုန်းအတည်ပြု ချက်ရပြီဆိုတော့ အပြင်မှာလည်း အရောင်းအဝယ် ဖြစ်ကြမှာ ပါ။ ပဲစင်းငုံနီအသစ်ဟာ တစ်ပိဿာ ၅ ကျပ်တိုးပြီး တစ်တင်း အပေါ် ၁၀၀ ကျပ်နှုန်း တက်ပြီးနှစ်သစ်ရဲ့ဈေးကွက်ကို သွေးတိုး စမ်းနေတယ်လို့ သုံးသပ်ရပါတယ်။ စိမ်းသေးအနေနဲ့ ၂၁၀၀၀ ကျပ်တစ်ပတ်လည်မှာ ဆုတ် တက်လှုပ်ရှား ကစားနေပါတယ်။ အခြားသောပဲပုပ် ပြောင်းဖူး စေ့ ပြောင်းဆံဆိုတာတွေလဲ နှမ်းသစ်ဈေးကွက်ကို ဝင်ဆံ့နေပြီ ဖြစ်ပါတယ်။ အရောင်းအဝယ ်စာစီစာကုံးရဲ့ နိဒါန်းလှနေပါ တယ်။ စာကိုယ်နိဂုံးများ ဆက်လက်လှပပါစေလို့ ဆန္ဒခြွေရင်း ၂၀၁၃ ခုနှစ်ကို အရောင်းအဝယ်ပန်းများ ဆက်လက်ပွင့်လမ်း နိုင်ပါစေ--------။                    မြင့်ဦး - ပခုက္ကူ