Main menu

Background

ငုံနီအသစ်အဝင်နည်း ပဲတီစိမ်းအဝယ်ကြဲတဲ့ ၂၀၁၃ အစ မုံရွာ ပဲဈေးကွက်

Sun, 01/06/2013 - 06:09 -- ydnar

၂၀၁၃ ခုနှစ်အစ ဇန်နဝါရီလဆန်းပိုင်း မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ကုလားပဲမျိုးစုံကျဈေးနဲ့ အဝယ်အေးပြီး စိမ်းကြီး စိမ်းသေးအဝယ်သွက်ခဲ့ကာငုံနီအသစ်တွေမျှော်မှန်းသလောက် ဈေးကွက်ထဲ မရောက်သေးဘူးလို့ ပဲကုန်သည်များကပြောပါ တယ်။ ဒေသခံကုန်သည်တွေရဲ့ လက်ဝယ် ကုလားပဲမျိုးစုံအိတ် တစ်သိန်းခန့် ကျန်နေသော်လည်း ကြိုက်ဈေးမရလို့ ရောင်း လက်ရှားခဲ့တဲ့အတွက် ယခုတစ်ပတ်အတွင်းအိတ် ၅၀၀၀ ခန့် သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်သစ်အစ ဈေးကွက်မှာတော့ V2 တစ်တင်း ၁၅၇၀၀ ကျပ်-၁၅၈၀၀ ကျပ်၊ 929 တစ်တင်း ၁၈၂၀၀ ကျပ်-၁၈၃၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၇၅၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ် ခဲ့ပါတယ်။

စိမ်းကြီးစိမ်းသေး ဈေးကွက်မှာတော့ အညာလိုင်းဖြစ်တဲ့ ကလေး၊ ကလေးဝ၊ မင်းကင်းနယ်တွေက စိမ်းကြီးအဝင်လှိုင်ခဲ့ ကာ တစ်တင်း ၂၀၅၀၀ ကျပ်-၂၁၀၀၀ ကျပ် ဈေးနဲ့ တစ်ရက် အိတ် ၇၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ စိမ်းသေး အနေနဲ့ မုံရွာခရိုင်ရှိမြို့နယ်များမှာ ကုန်းပိုင်း ရေသွင်းစိုက်ခဲ့တဲ့ ပဲတွေ နယ်စုံကဝင်လာခဲ့ပြီး တစ်တင်း ၂၀၅၀၀ ကျပ်-၂၁၀၀၀ ကျပ်ဈေးများနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ဝန်းကျင်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်တွေကဆိုပါတယ်။ ပဲစင်းငုံဈေးကွက်အနေနဲ့ ငုံနီအဟောင်း လက်ကျန်အိတ် ၈၀၀၀၀ ခန့် ကုန်သည်လက်ဝယ်ကျန်နေနိုင်ပြီး ငုံနီအသစ်က ဈေးကွက်ထဲ မျှော်မှန်းသလောက် မဝင်လာသေးဘူးလို့ ဆိုပါ တယ်။ ဒေသခံတောင်သူတွေနဲ့ ပဲကုန်သည်တွေရဲ့ ခန့်မှန်း ချက်အရ ယခုနှစ် ပဲစင်းငုံနီဟာ သုံးပုံတစ်ပုံသာ ထွက်နိုင်တယ် လို့ သိရပါတယ်။ စိုက်ပျိုးချိန်က မိုးမရလို့ စိုက်ဧကလျော့သလို စိုက်ပြီး အပင်တွေ အများစုမိုးလိုခဲ့လို့ အသီးမတင်တဲ့အတွက် အခုလို အထွက်လျော့နိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်သစ်ဈေး ကွက်မှာတော့ ငုံနီအသစ်တစ်တင်း ၁၇၀၀၀ ကျပ်ဈေးနဲ့ ငြိမ် နေပြီး တစ်နေ့အိတ် ၁၀၀ မှ ၃၀၀ ခန့် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ယခုတစ်ပတ် မတ်ပဲဈေးကွက်မှာတော့ မြောင်၊ ပုလဲ၊ မင်းကင်းနဲ့ ယင်းမာပင် ဘက် ပဲသစ်တွေ မုံရွာဈေးကွက်ထဲ ဆက်လက်ဝင်နေကာ ရန်ကုန်ဝယ်လက်ရှိလို့ တစ်တင်း ၁၄၂၀၀ ကျပ်နဲ့ တစ်ရက် အိတ် ၁၀၀ မှ ၃၀၀ ကြား အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသခံမတ်ပဲကုန်သည် တချို့ကတော့ အခုလို အောက်ဈေးမျိုးမှာ စုဆောင်းဝယ်ယူမှုရှိလို့ ဒေသလက်ကျန် အနေနဲ့အိတ် ၂၀၀၀၀ ခန့် ကျန်နိုင်ဖွယ်ရှိတယ်လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။ ၂၀၁၃ ခုနှစ် နှစ်ဦးပဲဈေးကွက် အနေ နဲ့ ပဲသစ်အဝင်နည်းခြင်း ဈေးအတက် နှေးခြင်းနေနဲ့ ရင်ဆိုင် ရင်း အိတ်စ်စပို့ဈေးကွက် မျှော်လင့်ချက်တွေနဲ့ အဝယ် အရောင်း အားကောင်းနေဆဲဖြစ်တာ တွေ့ရပါတယ်။ ထွန်းလှိုင်-မုံရွာ