Main menu

Background

ဈေးနှုန်းညီညွတ်မျှတမှုရှိလာတဲ့ မန်းတိုင်း ငုံနီဈေးနှုန်း

Sun, 01/06/2013 - 06:14 -- ydnar

ပြည်ပမှ ဝယ်ယူလိုမှုအား အနည်းငယ်မျှ ကျဆင်းနေ သော်လည်း ပြည်တွင်းဈေးကွက်တွင်း ညီမျှသော ဈေးနှုန်းဖြင့် ပဲစင်းငုံနီကို အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်စည်ဒိုင်ကြီး ၃ ခု ရှိတဲ့ အနက် မန္တလေးမြို့ရှိ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များရဲ့ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)ဟာ အဓိက အချက်အချာကျတဲ့ ကုန်စည်ဒိုင်ဖြစ်ပါတယ်။ ယခင်က ၎င်း ကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းနဲ့အညီ သို့မဟုတ် ဈေးနှုန်းအောက်ဖြင့် သာ မြင်းခြံကုန်စည်ဒိုင်နဲ့ ကျောက်ပန်းတောင်း ကုန်စည်ဒိုင်တို့ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ သို့သော် ယခုအခါ ၎င်းကုန်စည်ဒိုင်များမှ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီ ဈေးနှုန်း မှာမန္တလေးကုန်စည်ဒိုင်ပေါက်ဈေး(လက်ရှိဈေး)နဲ့ တန်းတူ သော်လည်းကောင်း၊ အမြင့်ဈေးဖြင့် သော်လည်းကောင်း၊ အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဝယ်လက်ရဲ့ ရှေ့မျှော် မှန်းထားတဲ့ ဈေးကွက်ဈေးနှုန်း အခြေအနေကြောင့် ဝယ်ယူ သိုလှောင်ထားကြောင်း သိရှိရပါတယ်။ မြင်းခြံခရိုင်ရှိ မြင်းခြံနဲ့ ကျောက်ပန်းတောင်းဒေသများမှာ ပဲစင်းငုံနီ အများဆုံးထွက်ရှိ ရာဒေသဖြစ်ပြီးအခြားဒေသများကို တင်ပို့ရာမှာလည်း အများ အပြားရှိကြောင်း သိရပါတယ်။ မန္တလေးမြို့မှတစ်ဆင့် ရန်ကုန် ကို တင်ပို့မှု ရှိသကဲ့သို့ ရန်ကုန်သို့လည်း တိုက်ရိုက် တင်ပို့မှုရှိ တာကြောင့်ဈေးနှုန်းကွာဟချက် ကျဉ်းမြောင်းသွားပါကြောင်း သိရပါတယ်။

၂၀၁၃ ဇန်နဝါရီလ ၃ ရက်နေ့ မန္တလေးကုန်စည်ဒိုင်ရဲ့ ပဲစင်းငုံနီ တစ်ပိဿာ ပေါက်ဈေးမှာ အမြင့်ဈေး ၈၅၀ ကျပ် ဖြစ်ပြီး၊ မြင်းခြံကုန်စည်ဒိုင်ရဲ့ ပဲစင်းငုံနီ တစ်ပိဿာ ပေါက် ဈေးမှာ ၈၃၀ ကျပ်ဖြစ်ကြောင်း၊ ကျောက်ပန်းတောင်း ကုန် စည်ဒိုင်မှာပဲစင်းငုံနီ တစ်ပိဿာ ၈၆၅ ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်ဝန်ဆောင်မှုကောင်းတာကြောင့် ဈေးနှုန်းမှာလည်း ကွာဟမှုကျဉ်းမြောင်းလာကြောင်း၊ ညီမျှသော ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်သဖြင့် တောင်သူများလည်း အကျိုး အမြတ် ပိုမိုရရှိပါကြောင်း တောင်သူတစ်ပိုင်း၊ ပွဲစားတစ်ပိုင်း ကုန်သည်တစ်ဦးက ပြောကြားကြောင်း သိရပါတယ်။စိုးအောင်- မန္တလေး