Main menu

Background

ပြည်ဈေးကွက်မှာ နှစ်ဆန်းပိုင်း အခြားပဲဈေးများ ဈေးအပြောင်းအလဲ သိပ်မဖြစ်ပေမယ့် ပဲကြီးဈေးကတော့ ဈေးကောင်းဆက်ရနေ

Sun, 01/06/2013 - 06:16 -- ydnar

၂၀၁၃ ခုနှစ်ဆန်းပိုင်း ပြည်ဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ ဈေးအတက် အကျသိပ်မရှိဘဲ အရောင်းအဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။ နှစ်ကုန်မှာ ကုလားပဲသီးနှံဈေး အနည်းငယ်မြင့်လာခဲ့ပြီး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ဈေးများမှာ ဈေးပြန်လျော့သွားခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ မတ်ပဲဈေးမှာ တစ်တင်း ၁၄၄၀၀ ကျပ်နဲ့ ရန်ကုန် ဝယ်လက်များ အဝယ်ရှိသလို လှောင်လက်သမားများ လည်း ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုမှာ အိတ် ၂၀၀ ခန့်နေ့စဉ်အရောင်းအဝယ်ဖြစ်ပြီး၊ ရန်ကုန်ကို အိတ် ၅၀၀ ခန့် တင်ပို့နိုင်ကြောင်း သိရပါတယ်။ ပဲတီစိမ်းအသစ်များ ပန်းတောင်း၊ ကံမ၊ မင်းတုန်း၊ ပေါက်ခေါင်းမြို့နယ် များမှ တစ်ရက်အိတ် ၄၀၀ မှ ၅၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပြီး၊ တစ်တင်း ၂၁၂၀၀ ကျပ်နဲ့ ယခင်အပတ် ကထက် ဈေးအနည်းငယ်လျော့သွား ခဲ့ပါတယ်။ မန္တလေးလိုင်း သမားများ နေ့စဉ်အဝယ်လိုက် လျက်ရှိတာကြောင့် အရောင်းသွက်နေခဲ့တယ်လို့ သိရ ပါတယ်။ ပဲပုပ်အသစ်များလည်း ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များမှ တစ်ရက်အိတ် ၅၀ ကျော်ဝင်ရောက်ခဲ့ သလို လှောင်လက်သမားနဲ့ ရန်ကုန်အဝယ် ရှိတာကြောင့် အရောင်းအဝယ်သွက်နေခဲ့ပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်း ၁၆၅၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် တစ်ထောင်ကျပ်ခန့် ဈေးလျော့သွားခဲ့ပါတယ်။ ပဲစင်းငုံသစ်များ ဈေကွက်အတွင်းကို အိတ် ၁၀၀ ကျော်ဝင်ရောက်လာပြီး၊ ရန်ကုန်ဝယ်လက်ကလည်း ပဲသစ်များကို ဈေးကောင်း ပေးဝယ်ယူခဲ့ကာ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲဟောင်းဈေးကတော့ တစ်တင်း ၁၅၇၀၀ ကျပ်နဲ့သာ အရောင်းအဝယ်အေးနေခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းများကတော့ ဈေးအမြင့်နဲ့ ဆက်အရောင်းအဝယ် ဖြစ်ခဲ့တာကြောင့် ပဲကြီး(ရွှေကျွန်း) တစ်တင်း ၃၆၅၀၀ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း  ၃၃၅၀၀ ကျပ်နဲ့ ပဲလက်ကျန် များကို ပဲလှော်ဖိုသမားများ၊ ပဲကြော်လုပ်ငန်းရှင်များ နေ့တိုင်းဝယ်ယူလျက်ရှိတာကြောင့် အိတ် ၁၅၀ ကျော် အရောင်းအဝယ်ဖြစ်လျက်ရှိတာကို တွေ့ရပါတယ်။ ခင်ဆွေဝင်း - ပြည်