Main menu

Background

ဝင်သလောက် အရောင်းအဝယ်သွက်ခဲ့တဲ့ ဒီဇင်ဘာလရဲ့ အောင်ပန်း ကုန်စည်ဒိုင်ဈေးကွက်

Sun, 01/06/2013 - 06:17 -- ydnar

အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ ဒေသထွက်ကုန်များ ဝင်သလောက်အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ စုစုပေါင်း ကုန်ချိန် ၁၇၅၇၉၅၀ ပိဿာ (၂၈၇၀ ဒသမ ၆၃) တန် အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် ယခင် နိုဝင်ဘာလကထက် ၄၆၇ ဒသမ ၄၃ တန် ပိုမိုတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရပါ တယ်။ အဆိုပါ တင်ပို့ ရောင်းချခဲ့တဲ့ ကုန်ပစ္စည်းများကတော့ ကြက်သွန်ဖြူ ၃၉၅၉၀၀ ပိဿာ (၆၄၆ ဒသမ ၄၈) တန်၊ အစေ့ထုတ်ပြောင်း ၂၉၃၄၀၀ (၄၇၉ ဒသမ ၁၀)တန်၊ ပဲပုပ်စေ့ ၁၀၂၇၀၀ ပိဿာ (၁၆၇ ဒသမ ၇၀)တန်၊ ပန်းနှမ်း ၇၁၇၀၀ ပိဿာ (၁၁၇ ဒသမ ၀၈)တန်၊ ချင်းအစို ၂၇၀၂၀၀ ပိဿာ (၄၄၁ ဒသမ ၂၂)တန်၊ နနွင်း ၄၄၆၅၀ ပိဿာ (၇၂ ဒသမ ၉၁)တန်၊ ချင်းခြောက် ၆၄၆၀၀ ပိဿာ (၁၀၅ ဒသမ ၄၉)တန်နဲ့ အာလူး ၅၁၄၈၀၀ ပိဿာ(၈၄၀ ဒသမ ၆၄)တန်တို့ ဖြစ်ကြောင်း သိရပါတယ်။

အောင်ပန်းကုန်စည်ဒိုင်မှာ ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုန်စည်ဈေးနှုန်း များကတော့ ကြက်သွန်ဖြူ အနိမ့်စ ၃၀၀ ကျပ်မှ ၄၇၀ ကျပ်၊ ထိပ်စ ၈၀၀ ကျပ် - ၁၃၀၀ ကျပ်၊ အစေ့ထုတ်ပြောင်း တစ်ပိဿာ အနိမ့်ဆုံး ၃၀၀ ကျပ် - အမြင့်ဆုံး ၃၃၅ ကျပ်၊ ပဲပုပ်စေ့ တစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ် - အမြင့်ဆုံး ၁၂၀၀ ကျပ်၊ ပန်းနှမ်း တစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ် - အမြင့်ဆုံး ၁၁၀၀ ကျပ်၊ ချင်း အစိုတစ်ပိဿာ အနိမ့်ဆုံး ၂၀၀ ကျပ် -  အမြင့်ဆုံး ၃၁၀ ကျပ်၊ နနွင်းရိုးရိုးတစ်ပိဿာ အနိမ့်ဆုံး ၆၀၀ ကျပ်၊ ဆင်တောင်နနွင်း ၁၃၀၀ ကျပ်၊ ချင်း ခြောက်တစ်ပိဿာ အနိမ့်ဆုံး ၁၁၀၀ ကျပ် - အမြင့်ဆုံး ၁၃၅၀ ကျပ်၊ အာလူး တစ်ပိဿာ အနိမ့်စ ၂၅၀ ကျပ် - ၃၅၀ ကျပ်နဲ့ ထိပ်စ ၆၀၀ ကျပ် - ၆၈၀ ကျပ်ဈေးတို့ ဖြစ်ကြောင်း သိရပါတယ်။            မင်းအောင် - တောင်ကြီး