Main menu

Background

အောင်ပန်းချင်း အရောင်းအဝယ်သွက်ပေမဲ့ ပြည်ပဈေးကွက်မျှော်လင့်

Sun, 01/06/2013 - 06:19 -- ydnar

ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းအရောင်းအဝယ်သွက်နေပါတယ်။ ကလောမြို့နယ်တစ်ဝိုက်၊ ပင်လောင်း၊ နန်းတိုင်း၊ ပင်းတယစတဲ့ ဒေသထွက်ချင်းများ ဈေးကွက်မှာပုံမှန်အဝင်ရှိနေပါတယ်။ ချင်းစို တစ်ပိဿာ ၂၅၀ ကျပ်၊ ၃၀၀ ကျပ်ဈေး ရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၁၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ပြည်၊ စစ်တွေ၊ မန္တလေး၊ ပဲခူးဘက်မှ အဆွဲများတာကြောင့် အရောင်းသွက် နေတယ်လို့သိရှိရပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် ၁၅၀၀၀ ခန့် အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

ဟိုပုံးဈေးကွက်မှာတော့ ချင်းဈေးမှာ တစ်ပိဿာ ၂၀၀ ကျပ်ဝန်းကျင်နဲ့ ချင်း ခြောက်တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးရှိနေပါတယ်။ အရောင်းအဝယ်ကတော့ ဟိုပုံး ဈေးထက် အောင်ပန်းဈေးကွက်မှာ ဈေးပိုရလို့ အောင်ပန်းကို တိုက်ရိုက်ရောင်းတဲ့ အတွက် ဟိုပုံးဈေးကွက်မှာ အရောင်းအေးနေပါတယ်။ ချင်းရောင်းဝယ်မှု အခြေအနေကတော့ ယခင်နှစ်၂၀၁၂ မှာ ပြည်ပတင်ပို့မှု မရှိတဲ့အတွက် ပြည်တွင်းမှာပဲ အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် ဈေးကောင်းမရ ခဲ့ပါဘူး။ ချင်းကိုပြည်တွင်းမှာလည်း စားလို့မကုန်နိုင်တဲ့ အတွက် ပြည်ပဝယ်လိုအား သာရှိနေခဲ့ရင် ဈေးကောင်းရနိုင်ပါတယ်။ ဒီနှစ်မှာတော့  ပြည်၊ စစ်တွေဘက်မှ တစ်ဆင့် ပြည်ပတင်ပို့မှုရှိနိုင်တာကြောင့် ဈေးကောင်းရနိုင်လိမ်လို့ မျှော်လင့်ကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါတယ်။             S.Y.H- တောင်ကြီး