Main menu

Background

အရောင်းအဝယ်အေးတဲ့ ဟိုပုံးနနွင်းဈေးကွက်

Sun, 01/06/2013 - 06:23 -- ydnar

ဈေးကွက်တွင်းသို့ နနွင်းအဝင်အနည်းငယ်သာ ရှိပါ တယ်။ ဟိုပုံးဈေးကွက်မှာတော့ နနွင်း (စို) တစ်ပိဿာ ၂၀၀ ကျပ်၊ နနွင်းခြောက်တစ်ပိဿာ ၅၂၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်း နနွင်း ခြောက် တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပြီး၊ အင်းနနွင်းခြောက်တစ်ပိဿာ ၇၀၀ကျပ်၊ ၈၀၀ ကျပ်ဈေးရှိနေ ပါတယ်။ နနွင်းမှာဈေးသာ ရှိနေပြီး အရောင်းအေးနေပါတယ်။

နနွင်းဟာ ပြည်တွင်းအမှုန့်ကြိတ်စက်များရှိနေပေမဲ့ ပြည် တွင်းစားသုံးရန်အတွက်သာထုတ်တယ်ဆိုတော့ အလုပ်မဖြစ် နိုင်ဘူး ဖြစ်နေပါတယ်။ ယခင်နှစ်က ဈေးကောင်းမရတဲ့ အတွက် လှောင်လက်အချို့ ထုတ်မရောင်းလို့ ပစ္စည်းလက် ကျန်တွေ ရှိနေသေးပါတယ်။ တောင်သူများကလည်း နနွင်း ခြောက် ဈေးမကောင်းတဲ့အတွက် နနွင်းစိုလည်း ဈေးမ ကောင်းနိုင်တာကြောင့် နနွင်းဖော်ပြီးပြုတ်ရင်လည်း ရှုံးမှာ ဖြစ်လို့ မဖော်တော့ဘဲ ဒီအတိုင်းပဲ ထားလိုက်တယ်လို့ သိရပါ တယ်။ ဒီ ၂၀၁၃ ခုနှစ်မှာတော့ ဈေးနဲနဲ အပေးရှိလာတာနဲ့ ဘတ်ဂျက်လမကုန်ခင်မှာ အရောင်း အဝယ်ဖြစ်လေ့ရှိတာ ကြောင့် ပစ္စည်းအဆင်သင့်ရှိနေပြီး၊ ဈေးကောင်းရရင် လှောင် လက်နဲ့ တောင်သူများမှ ပစ္စည်းထုတ်ရန် အဆင်သင့်ဖြစ်နေ တယ်လို့ ကုန်သည်များထံမှ သိရှိရပါတယ်။S.Y.H- တောင်ကြီး