Main menu

Background

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပရဆေး ပိုမိုတင်ပို့

Sun, 01/06/2013 - 06:25 -- ydnar

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်န ဝါရီလ ၁ ရက်နေ့ထိကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေးစခန်းမှကန်ဒေါ်လာ ၁ ဒသမ၄၆၄ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၇၀၀ ကျော်တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်က ပရဆေးကုန်ကြမ်းတန် ၆၂၀ ကျော်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန် ၈၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ ်ကထက် မိ ကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံ ပါ/အခွံမပါ)၊ ဆီးဆံနဲ့ ကြက်ဆူစေ့ တို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး ယခင် အပတ်က တင်ပို့မှုမရှိတဲ့ ရွေးစေ့၊ ဒရင်ကောက်မြစ်၊ ဆေးမြင်း ခွာ၊ ခပေါင်းစေ့နဲ့ ဖန်ခါးသီးခြောက်တို့ကိုလည်း ယခုအပတ် မှာတင်ပို့မှုရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ တစ်လလုံး မှာတော့ နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်မှ ကန်ဒေါ်လာ ၅ ဒသမ ၇၇၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းတန် ၃၀၀၀ ကျော်တင်ပို့ခဲ့ပြီး တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆ တန်ကျော်တင်သွင်း နိုင်ခဲ့ပါတယ်။            ခင်ကလျာဦး၊ MIRT (DOBT)