အမေရိကန်နိုင်ငံအနေနဲ့ ဘဏ္ဍာရေးချောက်ကမ်းပါးကို ကျော် လွန်နိုင်ရေး ဆွေးနွေးညှိနှိုင်းရာမှာ သဘောတူညီမှုရရေး ကြိုးစားရုန်း ကန်နေရဆဲဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ရွှေကို ဝယ်လိုအား မြင့်မားနေ ဆဲဖြစ်တယ်။
ဒါ့ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းဟာ ၁၂ နှစ်ဆက်တိုက် မြင့်မား ခဲ့ခြင်းဖြစ်တယ်လို့ သိရတယ်။ ယခုအခါမှာ ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်အောင်စကို ၁၇၀၀ ဒေါ်လာအောက် ရောက်ရှိကျဆင်းနေ သော်လည်း တစ်နှစ်တာ ပျမ်းမျှရွှေဈေးက ယခင်နှစ်ကထက် ပိုမိုနေ တဲ့အပြင် ၁၂ နှစ်ဆက်တိုက် ရွှေဈေးမြင့်မားလာတာကို သုံးသပ်တွေ့ ရှိရတယ်။ဒီဇင်ဘာလ ၃၁ ရက်နေ့ စင်ကာပူစံတော်ချိန် နေ့ခင်း ၂း၂၁ နာရီမှာ ချက်ချင်းအရောင်းရွှေဈေးနှုန်းက တစ်အောင်စကို သုည ဒသမ ၅ ရာခိုင်နှုန်း မြင့်မားလာကာ ၁၆၆၄ ဒသမ ၂၃ ဒေါ်လာဖြစ်ခဲ့ တယ်လို့ သိရတယ်။ ယခုနှစ်အတွင်း ရွှေဈေးနှုန်းက ၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်မားခဲ့ပြီးဖြစ်တယ်။ ဥရောပဒေသဗဟိုဘဏ်များမှ အစ ပြုပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဗဟိုဘဏ်တွေက စီးပွားရေးလှုံ့ ဆော်မှုစီမံကိန်းများ ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ငွေကြေးတန်ဖိုး များ ကျဆင်းလာခြင်းက ရွှေဝယ်လိုအားကို မြှင့်တင်ပေးခဲ့ရာ ရွှေဈေး မြင့်မားလာတာဖြစ်တယ်။လောလောဆယ် ဘဏ္ဍာရေး ချောက်ကမ်းပါး အန္တရာယ် အပေါ် စိုးရိမ်ပူပန်ကြောင့် ကမ္ဘာ့ရွှေဈေးကွက်ဟာ ရေတိုကာလ အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်လာနိုင်ပေမယ့် နောက်ပိုင်းကာလ တွေမှာတော့ ရွှေဈေးကွက် အခြေအနေကောင်းလာနိုင်ပြီး ဆက် လက်ဈေးမြင့်နိုင်တယ်လိ့ု ကုန်စည်သုတေသီများက ခန့်မှန်းကြတယ်။ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးရေးတိုးတက်မှု နှေးကွေး ခဲ့တဲ့အတွက် စက်တင်ဘာလနောက်ပိုင်းမှာ ရွှေဈေးနှုန်းဟာ ၆ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ၂၀၀၄ နောက်ပိုင်း ဈေးနှုန်းကျဆင်းမှု အမြင့်မားဆုံးဖြစ်တယ်။ ၂၀၁၃ ခုနှစ်မှာတော့ အမေရိကန်စီးပွား ရေး ပြန်လည်နာလန်ထူလာနိုင်တဲ့အတွက် ရွှေဈေးနှုန်းမြင့်တက်လာ နိုင်ပြီး စွမ်းဆောင်မှုအကောင်းဆုံး ကုန်စည်ဖြစ်လာနိုင်တယ်လိ့ု Goldmen Sachs Group Inc က ခန့်မှန်းထားတယ်။Source:bloomberg.com၊ ပပ