Main menu

Background

ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်ဆီ/ဒီဇယ် လျှောက်ထားတန်ချိန်လျော့

Sun, 01/06/2013 - 06:31 -- ydnar

ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အတွင်းမှာ ကုမ္ပဏီ သုံးခုမှ ဓာတ်ဆီတန်ချိန် ၄၇၀ နဲ့ ဒီဇယ် ၆၁၃၅ ဒသမ ၈၄၈ တန်အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ပင်လယ် ရေကြောင်းလမ်းမှ ဓါတ်ဆီ၊ ဒီဇယ်အဝင်က တန်ချိန် လေးသောင်းခြောက်ထောင်ကျော် အဝင်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီ၊ ဒီဇယ် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းဓါတ်ဆီ၊ ဒီဇယ်ရောင်းချနေသော ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ဒီဇယ်ဈေးများငြိမ်နေ သော်လည်း ဓာတ်ဆီဈေးမှာမူ အနည်းငယ် မြင့်တက်လာခဲ့ ကြောင်း သိရပါတယ်။ ဒီလိုဈေးမြင့်နဲ့ ရောင်းချမှုဟာ ရန်ကုန်မြို့မှာ ဇန်နဝါရီ ၃ ရက်မှစတင်ပြီး ရောင်းချသော်လည်း နယ်များတွင် ဈေးမြင့်မှုမရှိသေးကြောင်း သိရ ပါတယ်။ ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ ရန်ကုန်ဈေး ကွက်တွင် ပုဂ္ဂလိကစက်သုံးဆီဆိုင်များရဲ့ ဓာတ်ဆီဈေးက တစ်လီတာ ၈၀၃ ကျပ်နဲ့ ရောင်းချ နေရာမှ ၂-၁-၂၀၁၃ ရက်တွင် တစ်လီတာကို ၈၁၄ ကျပ်ကိုလည်းကောင်း၊ အောက် တိန်းကို ၈၈၀ ကျပ်မှ ၈၉၀ ကျပ်ကိုလည်းကောင်း ဈေးမြင့်ရောင်းချ လာတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်ဈေးက ပြောင်းလဲမှုသိပ်မရှိ ပေမဲ့ ဓာတ်ဆီဈေး က ဒီဇင်ဘာလကုန်ပိုင်းမှာ ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်ထိဈေး ကျလာပေမဲ့ ဒီရက်ပိုင်းဖြစ်တဲ့ ဇန်နဝါရီ ၂ ရက်၊ ၃ ရက်များမှာတော့ တစ်ဂါလန်ကို ၄၂၀၀-၄၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်လာတယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်း အဝယ်သမားတစ်ဦးမှ ပြောပြခဲ့ပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်တစ်ဂါ လန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်ကတစ်ရာဝန်းကျင်ဈေးအတက်အကျနဲ့ အရောင်းအဝယ်ဖြစ်နေပြီး ဓာတ်ဆီ က ဈေးအနည်းငယ်မြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ လက်လီဆိုင် များရဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဓာတ်ဆီတစ်ဂါလန် ၄၂၀၀-၄၃၀၀ ကျပ် ဖြစ်ပြီး ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် ဝယ် ရောင်းသမားတစ်ဦးမှ ပြောပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်လေးဘဲအရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းများက ငြိမ်နေသ လို လက်လီဆိုင်များရဲ့ ဈေးကလည်း ငြိမ်နေပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၇၅၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၀၀ ကျပ်နဲ့ ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ်နဲ့ အောက်တိန်းက ၄၀၀၀ ကျပ်နဲ့ ရောင်းနေတယ်လို့ သိရှိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းများက ငြိမ်နေသလို လက်လီဆိုင် များရဲ့ ဈေးကလည်း ငြိမ်နေပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ်၊ အောက်တိန်း ၃၉၀၀ ကျပ်နဲ့ ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊  အောက်တိန်းက ၄၀၀၀ ကျပ်နဲ့ ရောင်းနေတယ်လို့သိရှိရပါတယ်။MIRT-DOT
 
နယ်စပ်မှ ဒီဇယ်ဆီပိုမိုတင်သွင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၁၈၄ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၃၈၀၃၇၄ ဂါလန်တင် သွင်းခဲ့ပါတယ်။  မြိတ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ၂၀၆၀၆၃ ဂါလန်နဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးမှ ၁၇၄၁၁၁ ဂါလန် အသီးသီးတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုအပတ် မြိတ်နယ်စပ်ကုန် သွယ်ရေးစခန်းမှပါ တင်သွင်းနိုင်ခဲ့တဲ့အတွက် ဒီဇယ်ဆီတင်သွင်းမှုပိုမို ရခြင်းဖြစ်ပါ တယ်။ဓာတ်ဆီကိုတော့ မြိတ်၊ တာချီလိတ်နဲ့ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ၁၂၀၈၈၇ ဂါလန် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၃၉၆ သန်း တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။ ယခင်အပတ်က ၂၅၆၈၈၂ ဂါလန် တင်သွင်းနိုင်ခဲ့တဲ့အတွက် ၁၃၅၉၉၅ ဂါလန် လျော့ကျတင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ မြဝတီနယ်စပ်မှ တင်သွင်းမှုမရှိတာကြောင့် ဓာတ်ဆီတင်သွင်းမှုလျော့ကျရခြင်းဖြစ်ပါတယ်။ ဒီဇင် ဘာလတစ်လလုံးမှာ ဓါတ်ဆီ ၆၇၈၁၆၁ ဂါလံ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၄၂ သန်းနဲ့ ဒီဇယ်ဆီ ၁၂၄၃၁၁၈ ဂါလန် တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၃၄၂ သန်းဖိုး တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ လထိမှာတော့ ဓာတ်ဆီ ၂၃၅၃၅၉၄ ဂါလန် တန်ဖိုး ကန်ဒေါ်လာ ၇ ဒသမ ၃၆၄ သန်းနဲ့ ဒီဇယ်ဆီ ၅၃၀၄၃၂၇ ဂါလန်၊ ၂၃ ဒသမ ၃၁၈ သန်းဖိုး တင်သွင်းနိုင်ခဲ့တယ် လို့ သိရပါတယ်။           ခင်မိုးသူ