Main menu

Background

ပြည်တွင်းကို ပြန်ဝင်နေတဲ့ရွှေ

Sun, 01/06/2013 - 06:33 -- ydnar

မြန်မာ့ရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေးထက်ဈေးမြင့်နေလို့ ပြည်တွင်းကို ရွှေများ ပြန်ဝင်နေကြောင်း သိရပါတယ်။ မန္တလေးမြို့ရှိ ရွှေဆိုင်ကြီးတစ်ဆိုင်မှ ရွှေဆိုင်ပိုင် ရှင်က "ရွှေဈေးက ကမ္ဘာ့ဈေးနဲ့ယှဉ်ရင် ပြည်တွင်း ဈေးမြင့်တော့ နယ်စပ်က ပြန်ဝင် လာတာ။ ခုက ဈေးကျပေမယ့် ကျသင့်တဲ့ဈေးကို မရောက်သေးဘူး။ ရွှေရှားတဲ့ အခြေအနေမို့ ပုံမှန်ဈေးမှာ တန့်နေတာ။ ကမ္ဘာ့ဈေးနဲ့ယှဉ်ရင်တော့ ကျတယ် ပြောရမယ်။ ဒီနှစ်မှာလည်း ရွှေဈေးနှုန်းက ထပ်တက်နိုင်တယ်။ ရွှေရှားတဲ့ အခြေ အနေရှိတာကြောင့် ယခုဈေးထက် တက်နိုင်တယ်။ ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့မှီပြီး ပြောင်းလဲ ပေမယ့် ပြည်တွင်းထွက်နှုန်းနဲ့ ငွေဈေးနဲ့ ကွာခြားတယ်။ ပြည်တွင်းဈေးက ကမ္ဘာ့ရွှေဈေးထက် မြင့်နေရင် ပြန်ဝင်လာမှာဘဲ။ နိမ့်နေရင် ပြန်ထွက်မှာပဲ။ အများ အားဖြင့်တော့ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ထွက်တာများတယ်။ ပြည်တွင်းမှာ ထွက်တဲ့ရွှေကို ပြည်တွင်းမှာပဲသုံးဖို့ အဆင်မပြေနိုင်ဘူး။ ဒါကြောင့် တရားဝင် အရောင်း အဝယ်လုပ်ခွင့်ပေးသင့်တယ်။ တရားမဝင်ပို့နေကြတော့ ငွေလွှဲ တာလည်း စနစ်မကျဘူး"လို့ ပြောပါတယ်။

ပြည်တွင်း ရွှေထွက်နှုန်းမှာ အထွက်နည်းလာနိုင်ကြောင်း၊ ရွှေကွက်သစ် မပေါ်ပါက ထွက်နှုန်းနည်းခြင်း၊ အထက်ပိုင်းဒေသမှာ ငလျင်ဒဏ်ကြောင့် ရွှေတွင်း လုပ်ကွက်အားနည်းလာခြင်း၊ ရမည်းသင်းမြို့နယ်မှာ အလတ်စားနဲ့ အသေးစား ရွှေတူးဖော်သူများ လုပ်ကိုင်ခွင့်မရလို့ မန္တလေးမြို့ကို ယခင်ကထက် ၁၀ ပုံရင် ၂ ပုံသာ ဝင်လာခြင်းများကြောင့် ရွှေထွက်နည်းမယ်လို့ ရွှေလုပ်ငန်းရှင်ကြီးတစ်ဦးမှ သုံးသပ်ပြောကြား ပါတယ်။                      ဇူးဇူး-မန္တလေး