ဓာတ်မြေသြဇာ ဈေးနှုန်းများ (7-1-13)

ယူအေအီး၊ ဗီယက်နမ်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံမှ မြေသြဇာများဝင်ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်သီတင်းတစ်ပတ်မှာ မြေသြဇာတန်ချိန် ၈၆၅၇၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဆယ့်ကိုးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း လမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၉၆၀ တန်၊ ကယ်လ်ဆီယမ်ဆာလဖိတ် တန် ၂၅၀၊ စင်ကာပူနိုင်ငံမှ ဖော့စဖိတ် မြေသြဇာ ၁၇ တန်၊ ယူရီးယားမြေသြဇာတန်ချိန် ၂၀၊ အာရပ်ပြည်ထောင်စုစော်ဘွားများ နိုင်ငံမှ ယူရီးယားမြေသြဇာ တန်ချိန် ၇၂၀၀ နဲ့ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ တန် ၂၁၀ တို့ကို မှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့ မြေသြဇာ များထဲမှာ ယူအေးအီးနိုင်ငံမှ အများဆုံးမှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။  MIRT (DOT)
မူဆယ်နယ်စပ်မှ ဓာတ်မြေသြဇာ တန် တစ်သောင်းကျော်ဝင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၃၈၄ သန်းတန်ဖိုး ရှိတဲ့ ဓာတ်မြေသြဇာ ၁၂၀၈၂ တန်ကျော်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိကာလအတွင်းမှာ တင်သွင်းခဲ့ပါတယ်။ နယ်စပ် စခန်းအလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၁၈၁၈ တန်ကျော်၊ ကော့သောင်း မှ ၁၅ တန်နီးပါး၊ ရိဒ်မှ ၉၉ တန်နဲ့ မြိတ်မှ တန် ၁၅၀ အသီးသီးတင်သွင်းမှုရှိတာ ကိုတွေ့ရပြီး ယခင်အပတ်ကထက် မူဆယ်နဲ့ကော့သောင်းစခန်းတို့မှာ တင်သွင်းမှု လျော့နည်းခဲ့တာကို တွေ့ရပါတယ်။ ယခင်အပတ်က တင်သွင်းနိုင်ခြင်း မရှိခဲ့တဲ့ မြိတ်စခန်းမှလည်း ယခုအပတ်တွင် တန် ၁၅၀ တင်သွင်းနိုင်ခဲ့ပြီး ရိဒ်စခန်းမှ ၁၀ တန် ပိုမိုတင်သွင်းနိုင်တာကိုတွေ့ရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကို ကြည့်မယ ်ဆိုလျှင် မူဆယ်မှ ယူရီးယား၊ ကွန်ပေါင်း ၁၀း၁၀း၅၊ တီစူပါဖော့စဖိတ်၊ နိုက်ထရစ်ဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်တို့ အများဆုံးတင်သွင်းခဲ့တာဖြစ်ပြီး ကော့သောင်းနဲ့ မြိတ်စခန်းတို့မှ အမိုးနီးယမ်းဆာလဖိတ်၊ ရိဒ်စခန်းမှာ ယခင်အပတ် က ပုလဲဓာတ်မြေသြဇာတစ်မျိုးသာ တင်သွင်းခဲ့ရာမှ ယခုအပတ်တွင် ပိုတက်ရှ် ဓာတ်မြေသြဇာကိုပါ တင်သွင်းလာတာတွေ့ရပါတယ်။ မူဆယ်မှ ယူရီးယား ၁ တန်ကို ၃၇၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅  ၁ တန်ကို ၂၄၆၀၀၀ ကျပ်နဲ့ ကော့သောင်းမှာ အမိုးနီးယမ်း ၁ တန်ကို ၂၂၀၀၀၀ ကျပ် ဈေးပေါက်လျက်ရှိကြောင်း နယ်စပ်ကုန်သည်များအသင်းရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ ဒီဇင်ဘာလ အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဓာတ်မြေသြဇာ တန် ၅၈၂၀၀ ခန့် တင်သွင်းနိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလ နိုဝင်ဘာလနဲ့နှိုင်းယှဉ်ကြည့်လျှင် တန် ၃၄၀၀ ကျော် ပိုတင်သွင်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလ ကုန်အထိ ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ တန်ချိန် ပေါင်း ၈၄၉၄၁၆ တန်ကျော် တင်သွင်းထားခဲ့ပြီးဖြစ်ပါတယ်။     ဆွေဆွေဝင်း
ရာသီဒေသအလိုက် သုံးစွဲမှုရှိနေပြီး ဈေးနှုန်းမှန်မှန်နဲ့ရှိနေတဲ့ဓာတ်မြေသြဇာရာသီအလိုက် သီးနှံစိုက်ပျိုးမှုများရှိနေတာကြောင့် မြေသြဇာသုံးစွဲမှုကလည်း ဒေသအလိုက်ရှိနေပါတယ်။ ဒီတစ်ပတ် မြေသြဇာအရောင်းသွက်တဲ့ မြို့များက မကွေး၊ ရန်ကုန်၊ ပဲခူးမြို့များဖြစ်ပြီး ပုံမှန်အရောင်း သွက်တဲ့ မြို့များက မော်လမြိုင်၊ တောင်ကြီး၊ မန္တလေးမြို့တို့ဖြစ်ပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲကို ကွန်ပေါင်း မြေသြဇာ၊ ယူရီးယား၊ သြဂဲနစ်စတဲ့ မြေသြဇာများက အဝင်များခဲ့တယ်လို့ သိရပါ တယ်။ မြို့အလိုက်အရောင်းအဝယ်ဖြစ်နေတဲ့ မြေသြဇာဈေးတွေက မော်လမြိုင် ဈေးကွက်မှာ ကွန်ပေါင်းမြေသြဇာက ယခင်တစ်ပတ် ရောင်းဈေးထက် ၅၀၀ မှ ၂၀၀၀ ကျပ်အတွင်းဈေးမြင့်ပြီး ကျန်မြေသြဇာက ယခင်ဈေးနဲ့ဘဲ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်တဲ့ ချောင်းဆုံဘက်က ဒီတစ်ပတ်မှာ ပုလဲအသေး ၄၆% ကို အဝယ်ရှိခဲ့ပါတယ်။ ဈေးတစ်ပတ် မြေသြဇာ ဈေးများမှာ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်)တရုတ်က ၂၀၅၀၀ ကျပ်၊ ကွန်ပေါင်း(အစိမ်း) ၁၅း၁၅း၁၅ က ၃၅၅၀၀ ကျပ်၊ ကွန်ပေါင်း(ပန်းရောင်) ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)က ၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်)က ၂၂၅၀၀ ကျပ်၊ တီစူပါ ၁၆% (မြှားကမ္ဘာ-တရုတ်)က ၁၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ မန္တလေးမှ မြေသြဇာက ဆက်တိုက်ဆိုသလို အဝင်ရှိနေ ပါတယ်။ ဒီတစ်ပတ်မြေသြဇာ က အရောင်းအဝယ်လိုက်လာပေမဲ့ ပစ္စည်းအဝင် များနေတာကြောင့် ဈေးကအမြင့်ဘက်မှာမရှိပါ။ အဝယ်များတဲ့  အာမိုနဲ့ ယူရီးယား ကသာ ကျပ်နှစ်ရာမှ ငါးရာအတွင်း ဈေးအတက်ရှိပေမယ့် ကျန်မြေသြဇာ များက အပြောင်းအလဲသိပ်မရှိဘူးလို့ သိရပါတယ်။ မကွေးဈေးကွက် မှာ မြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ)(အစိမ်း) ၁၃၇၀၀ ကျပ်၊ ဆင် (၁၀း၁၀း ၅) က ၁၃၅၀၀ ကျပ်၊ အာမို (၁၀း၁၀း၅)က ၁၅၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၅၅၀၀ ကျပ်၊ အာမို (၁၆း၁၆း၈) ၃၃၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉၈၀၀ ကျပ်၊ ယူရီး ယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၀၀၀ကျပ်၊ တီစူပါ(မြားနီ-တရုတ်) ၁၉၈၀၀ ကျပ်၊ အောင်ကမ္ဘာ (၁၀း၁၀း၅)က ၁၆၉၀၀ ကျပ်၊ ပိုတက် ၂၄၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ ဆိုင်ပိုင်ရှင်တစ်ဦးထံမှ စုံစမ်းသိရှိရပါတယ်။ရန်ကုန်ဈေးကွက်မှာ မြေသြဇာက ပစ္စည်းအဝင်များသလို ရောင်းအား ကလည်း ကောင်းလာတယ်လို့ မြေသြဇာအရောင်းဆိုင်ရဲ့ ဝန်ထမ်းတစ်ဦးက ပြောပါ တယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ ကွန်ပေါင်း ၁၅းရး၁၈ ကပစ္စည်းပြတ်နေသလို တရုတ် ဘက်မှဝင်တဲ့ ယူရီးယားမြေသြဇာက ဈေးအနည်းငယ်မြင့်ပြီး အရောင်း အဝယ်ဖြစ် တယ်လို့သိရပါတယ်။ ဈေးကွက်ထဲ ထိုင်းပစ္စည်းက ဈေးငြိမ်တယ်။ တရုတ်ပစ္စည်းက အသုံးများသလို ဈေးအတက်အကျလည်း ရှိပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံ ဘက်မှဝင်တဲ့ ယူရီးယား(နေရွက်လှေ) နဲ့ (ရွှေတောင်)မြေသြဇာများက ၁၉၃၀၀ ကျပ်ဈေးရှိပြီး၊ တီစူပါ(သံကွင်း)က ၁၉၅၀၀ ကျပ်ဈေးရှိပါတယ်။ ပိုတက် (ထိုင်း)က ၃၅၀၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) က ၂၃၈၀၀ ကျပ်ဈေးရှိပြီး ထိုင်းဘက်မှဝင်တဲ့ ကွန်ပေါင်း ၁၅ ပတ်လည် က ၃၈၅၀၀ ကျပ်၊ ကွန်ပေါင်း ၂၅းရး၇ က ၃၅၅၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။                                   MIRT (DOT)