Main menu

Background

၁၉၉၃ ခုနှစ်နောက်ပိုင်း အမေရိကန် ရေနံစိမ်းထုတ်လုပ်မှု အမြင့်ဆုံးဖြစ်လာ

Sun, 01/06/2013 - 06:34 -- ydnar

အမေရိကန်နိုင်ငံအနေနဲ့ ဒီဇင်ဘာ လ ၃၁ ရက်မတိုင်မီ  ဖြေရှင်းရမယ့် ဘဏ္ဍာရေးချောက်ကမ်းပါး (အခွန်တိုး မြှင့်ပြီး အသုံးစရိတ် လျှော့ချခြင်း) ကို ကျော်လွန်ရေးအတွက် ညှိနှိုင်းဆွေးနွေး နေဆဲဖြစ်ပြီး ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း တွေဟာ အတက်အကျရှိနေပြီး  တည် ငြိမ်မှုမရှိတာတွေ့ရတယ်။ အပြီးသတ် ဆွေးနွေး  ညှိနှိုင်းရမယ့်အတွင်းမှာပဲ ဒီမိုကရက်ပါတီနဲ့  ရီပတ်ပလစ်ကန် ပါတီဝင်များအနေနဲ့ သဘောထားကွဲ ပြားမှုတွေရှိနေဆဲ ဖြစ်တယ်လို့ အမေ ရိကန် ဥပဒေပြုအထက်လွှတ်တော် အမတ် ခေါင်းဆောင် Aarry Reid  က ပြောကြားတယ်။ ဒီလို  အမေရိကန် ဘဏ္ဍာရေးမူဝါဒညှိနှိုင်းမှု အဆုံးမသတ် နိုင်ခြင်းဟာ ရေနံစိမ်းဝယ်လိုအား ကျ ဆင်းစေပြီး ဈေးနှုန်းကို ဆွဲချသလိုဖြစ် နေတယ်လို့ သိရတယ်။

ဒီဇင်ဘာ ၃၁ ရက် စင်ကာပူစံတော် ချိန် နေ့ခင်း ၂း၃၀ နာရီက နယူး ယောက်ကုန်စည်ရောင်းဝယ်ရေးမှ ဖေ ဖော်ဝါရီလအရောက်ပို့ရမယ့် ရေနံစိမ်း (WIT Oil) က တစ်စည်ကို ၉၀ ဒသမ ၈၁ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တယ်။လန်ဒန်အခြေစိုက် ICE Futures Europe Exchange  မှာလည်း ဖေ ဖော်ဝါရီလငွေချေရမယ့်  ဘရန့်အမျိုး အစား ရေနံစိမ်းက တစ်စည်ကို ၁၁၀ ဒသမ ၃၉ ဒေါ်လာနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်။ ယခုနှစ်အတွင်း အမေရိ ကန်မှာ ရေနံထုတ်လုပ်မှုနဲ့ ချက်လုပ်မှု မြင့်မားခဲ့ရာWTI Oil  ရေနံစိမ်းအမျိုး အစားဈေးနှုန်းလည်း ၈ ဒသမ ၂ ရာ ခိုင်နှုန်းကျဆင်းခဲ့တယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်က ကုန် ဆုံးတဲ့သီတင်းပတ်အတွင်း အမေရိကန် ရဲ့ ရေနံစိမ်းထုတ်လုပ်မှုဟာ တစ်ရက်ကို စည်ပေါင်း ၆ ဒသမ ၉၈၄ သန်းအထိ ရောက်ရှိခဲ့ရာ ၁၉၉၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးထုတ်လုပ်မှု နှုန်းဖြစ်တယ်လို့ အမေရိကန်စွမ်းအင်ဌာနက ဒီဇင်ဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့တယ်။ Source: the rubber  association.com, ပပ