Main menu

Background

ဘိလပ်မြေဈေးနှုန်းများ (7-1-13)

Sun, 01/06/2013 - 06:48 -- ydnar

ဆင်၊ စိန်နဲ့ မောင်းတိန်းဘိလပ်မြေများ ဝင်လာဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက် သီတင်းပတ်မှာ ဘိလပ်မြေ ၂၀၈၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ခုနစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း လမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံမှ ဘိလပ်မြေ ၁၄၉၅ တန်၊ ထိုင်းနိုင်ငံမှ မောင်းတိန်းဘိလပ်မြေတန်ချိန် ၆၆၀၀၊ ဆင်ဘိလပ်မြေ ၁၀၅ တန်၊ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၅၇၀၀ နဲ့ အခြားတံဆိပ်ဘိလပ်မြေတန်ချိန် ၆၉၀၀ ဝင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်က တန်ချိန် ကိုးသောင်း ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ခုနှစ်သောင်းနီးပါးအဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။                           MIRT (DOT)

 
ဘိလပ်မြေ တန် ၄၅၀၀ ကျော် နယ်စပ်မှတင်သွင်းခဲ့နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၃၇၄ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၄၅၆၈ တန်ခန့်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိကာလအတွင်းမှာ  တင်သွင်းခဲ့ပါတယ်။ ယခုအပတ်တွင် နယ်စပ်အလိုက်ဘိလပ်မြေတင်သွင်းမှုတွေကတော့ လွယ်ဂျယ်မှ ၁၁၉၉ တန်ကျော်၊ ချင်းရွှေဟော်မှ တန် ၃၀၀၊ တာချီလိတ်မှ ၁၀၀၁ တန်၊ မြိတ်မှ ၁၉၆၂ တန်ကျော်နဲ့ ကော့သောင်းမှ ၁၀၅ တန် အသီးသီးဖြစ်ပါ တယ်။ ယခင် အပတ်ကတင်သွင်းနိုင်ခြင်းမရှိခဲ့တဲ့ ချင်းရွှေဟော်စခန်းမှာ ယခုအပတ်တွင် တန် ၃၀၀ တင်သွင်းမှုရှိတာကို တွေ့ရပါတယ်။ ပုံမှန်တင်သွင်း နေကျဖြစ်တဲ့ လွယ်ဂျယ်၊ တာချီလိတ်နဲ့ ကော့သောင်းစခန်းတို့မှ လျော့နည်းတင်သွင်းလာတာကို တွေ့ရသော် လည်း မြိတ်စခန်းမှ တန် ၁၇၀၀ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ ဒီဇင်ဘာလ တစ်လလုံးမှာ နယ်စပ်မှ ဘိလပ်မြေ ၂၅၆၇၃ တန်ကျော် တင်သွင်းခဲ့တာဖြစ်ပြီး အနီးစပ်ဆုံးကာလ နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ကြည့်လျှင် ၆၅၈၀ တန်ကျော် ပိုမိုတင် သွင်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ တန်ချိန်ပေါင်း ၁၃၈၅၃၇ ကျော် တင်သွင်းထားပြီးဖြစ်ပါတယ်။    ဆွေဆွေဝင်း
အရောင်းအဝယ်သွက်နေပေမဲ့ ဈေးပြောင်းလဲမှုမရှိတဲ့ ဘိလပ်မြေယခုသီတင်းတစ်ပတ်တွင် ပြည်တွင်းမြို့ကြီးများဖြစ်တဲ့  ရန်ကုန်၊ မန္တလေးနဲ့ မကွေးမြို့များတွင် ဘိလပ်မြေအရောင်းသွက်နေပြီး မော်လမြိုင်၊ ပဲခူး၊ တောင်ကြီး မြို့များမှာ ပုံမှန်ပဲ အရောင်း အဝယ်ရှိတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါ တယ်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနဲ့ မကွေးမြို့များရဲ့ ဘိလပ်မြေ ဈေးကငြိမ်နေပေမဲ့ ပဲခူးမှာ ဘိလပ်မြေဈေးက အနည်းငယ်မြင့် လာတယ်လို့ သိရပါ  တယ်။    ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်သွက်နေတယ်။ နယ် အမှာတွေများပြီး မြို့တွင်းအသုံးများတာကြောင့်လည်း အရောင်းအဝယ်ကကောင်း လာပါတယ်။ ဘိလပ်မြေဈေးက အတက်အကျမရှိငြိမ်နေပါတယ်။ ဆင်ဘိလပ်မြေ တစ်အိတ် ၄၆၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၄၅၀ ကျပ်နဲ့ မောင်းတိန်း ၄၃၀၀ ကျပ်တို့ နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရင့်နောင်ပွဲရုံရဲ့ ဘိလပ်မြေရောင်းဝယ် သူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။မန္တလေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ကောင်း တယ်။ ဒါပေမဲ့ဈေးကတော့ မပြောင်းဘူး။ ယခင်တစ်ပတ်ဈေးနဲ့ဘဲ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဘိလပ်မြေဈေးနှုန်း တွေက အေသုံးလုံး ၅၆၀၀ ကျပ်၊  မြန်မာ ဆင် ၄၉၀၀ ကျပ်၊ ဆင် (ယိုးဒယား) ဘိလပ်မြေ ၅၉၀၀ ကျပ်၊  စိန်(ထိုင်း) က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်)က ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၇၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်လေးဘဲအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ဆင်(ထိုင်း)က နှစ်ရာကျပ်ဈေးမြင့်လာသလို စိန် (ထိုင်း)က တစ်ရာကျပ်၊ ကြံ့(မြိုင်ကလေး)က သုံးရာကျပ်ဈေးမြင့်လာတယ်လို့ သိ ရပါတယ်။ ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဆင်(ထိုင်း)၅၄၀၀ ကျပ်၊ စိန်(ထိုင်း) ၅၃၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်ရဲ့ ဝန်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ပွင့်လင်းရာသီရောက်လာတာ ကြောင့် အရောင်းအဝယ်မှာ ယခင်ကထက်စာရင် ပိုပြီးသွက်လာတယ်။ ဒါပေမဲ့ အရောင်းအဝယ်သွက်ပေမဲ့ ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ပုံမှန်ဈေးနှုန်းနဲ့ဘဲ ဈေးကွက်ရှိနေတယ်။ မြင်းခေါင်းဘိလပ်မြေ ၃၂၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ တစ်အိတ်ကို ၄၆၂၅ ကျပ်၊ ကြံ့ (မြိုင်ကလေး) ဘိလပ်မြေတစ်အိတ် ၃၇၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ MIRT (DOT)