Main menu

Background

တရုတ်နယ်စပ်မှ ၃၆၇ တန်ကျော် တင်သွင်း (အချိုမှုန့်)

Sun, 01/06/2013 - 06:53 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၃၆၉ သန်း တန်ဖိုးရှိ အချိုမှုန့် ၃၆၇ တန်ကျော်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ထိ ကာလအတွင်းမှာ တင်သွင်းခဲ့ပါတယ်။

မူဆယ်နယ်စပ်မှ ၃၁ တန်နဲ့ ချင်း ရွှေဟော်နယ်စပ်မှ ၃၃၆တန်ကျော် တင် သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က ၅၀၈ တန်ကျော် တင်သွင်းခဲ့တာမို့ ယခု အပတ်မှာ တန် ၁၄၀ ကျော် လျော့ကျ တင်သွင်းခဲ့ပါတယ်။ မူဆယ်နဲ့ ချင်း ရွှေဟော်နယ်စပ်မှ ဒီဇင်ဘာလမှာ ကန် ဒေါ်လာ ၃ ဒသမ ၇၃၇ သန်းတန်ဖိုးရှိ အချိုမှုန့် ၃၇၇၆ တန်ကျော် တင်သွင်း ခဲ့ပြီးဖြစ်ပါတယ်။စတင်တင်သွင်းခွင့်ပြုတဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ   ဒီဇင်ဘာလအထိ နယ်စပ်မှ အချိုမှုန့် ၁၉၃၂၈ တန်ကျော် တင်သွင်းထားပြီးဖြစ်ပါတယ်။ တင်တင်ထွန်း