ဒွန်းနဲ့ မာရီဂိုးနို့ဆီများ အဝင်ရှိသီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း နို့ဆီ ၇၇၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီ ၁၂၆ တန်၊ မာရီဂိုးနို့ဆီ ၁၅၂ တန်နဲ့ အခြားတံဆိပ် နို့ဆီများက ၄၉၆ ဒသမ ၈၀ တန် ဝင်လာခဲ့တယ်လို့ သိရပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံ မှသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
တင်သွင်းမှု စုံလင်လာ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ထိကာလ အတွင်းမှာ မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၆၇ သန်း တန်ဖိုးရှိ နို့ဆီ ၆၇ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၅၇ သန်းတန်ဖိုးရှိ နို့စိမ်း ၁၅၇ တန်ကျော် တင်သွင်းခဲ့ပါတယ်။ မြိတ် နယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၁၂ သန်းတန်ဖိုးရှိ နို့ဆီ ၁၂ တန်ကျော်ကိုလည်းတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်ကတော့ ကန်ဒေါ်လာ သုည ဒသမ ၁၄၁ သန်းတန်ဖိုးရှိ နို့မှုန့် ၄၉ တန်ကျော် တင်သွင်းရှိခဲ့ပါတယ်။ဒီဇင်ဘာလအတွင်းမှာ မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းနဲ့ မြိတ်စခန်း များမှ ကန်ဒေါ်လာ သုည ဒသမ ၃၇၅ သန်းတန်ဖိုးရှိ နို့ဆီ ၂၈၅ တန်ကျော်နဲ့ သုည ဒသမ ၃၉၆ သန်းတန်ဖိုးရှိ နို့စိမ်း ၃၉၉ တန်ကျော်အသွင်းရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိကာ လအတွင်းမှာ မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းနဲ့ မြိတ်နယ်စပ်စခန်းများ မှ နို့ဆီ ၃၃၇၆ တန်ကျော်နဲ့ နို့စိမ်း ၄၁၆၃ တန်ကျော် တင်သွင်းထားပြီးဖြစ် ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် စခန်းမှ ကန်ဒေါ်လာ သုညဒသမ ၂၄၁ သန်းတန်ဖိုးရှိ နို့မှုန့် ၈၄ တန် ကျော် တင်သွင်းရှိခဲ့ကြပါတယ်။ မူဆယ်နယ်စပ် မှလည်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင် ဘာလထိကာလအတွင်းမှာ နို့မှုန့် ၈၀၁ တန်ကျော် တင်သွင်းပြီးဖြစ်ပါတယ်။တင်တင်ထွန်း