Main menu

Background

နှစ်သစ်မှာ ဈေးအမြင့်နဲ့ ရပ်တည်နေတဲ့ ပြည်ပဲဆန်

Sun, 01/06/2013 - 06:55 -- ydnar

ပဲခူးတိုင်း ဒေသကြီး အနောက် မှာ ယခုအချိန် မိုးမြေပဲတွေ ရိတ် သိမ်းပြီးစီးလို့ ဈေးကွက် အသီးသီးကို ဝင်ရောက်ရောင်းဝယ် ဖောက်ကား ပြီးချိန် ဆောင်းမြေပဲ အသစ်များ ဈေးကွက်ကို စတင် ဝင်ရောက်လာ တာ တွေ့ရပါတယ်။ ဆောင်းမြေပဲကို ယခုနှစ်မှာ ၄၄၈၇၇ ဧက စိုက် ပျိုးနိုင်ခဲ့ပြီး၊ ယခုနှစ်မှာ ၄၉၄၀၀ ဧက စိုက်ပျိုးနိုင်ခဲ့လို့ ဧက ၄၅၀၀ ကျော် ပိုမို စိုက်ပျိုးနိုင်ခဲ့ပါ တယ်။ ဈေးနှုန်း အနေနဲ့ ယခင်နှစ်မှာ မြေပဲဆီဆန် တစ်ပိဿာကို ၁၄၀၀ ကျပ်နဲ့ လုံး ဆန်တစ်ပိဿာကို ၁၆၀၀ ကျပ်ဈေး ဖြစ်ခဲ့သလို ယခုနှစ်မှာ မြေပဲဆီဆန် တစ်ပိဿာကို ၁၇၀၀ ကျပ်နဲ့ လုံး ဆန်တစ်ပိဿာကို ၂၀၀၀ ကျပ်ဈေး နဲ့ ယခင်နှစ်ထက် ဈေးမြင့် လာတာ တွေ့ရပါတယ်။ ယခုနှစ်မှာ ဈေးမြင့် လာသလို တောင်သူများ မြေပဲကို ဧကပိုမို စိုက်ပျိုးလာတာ တွေ့ရပါ တယ်။မြေပဲဆန်ကို ကံမဘက်မှ ရေ လမ်းနဲ့ဝင်ရောက်လာသလိုအောင်လံ ဘက်မှလည်း ကားနဲ့ နေ့စဉ်တစ်နေ့ ကို အိတ် ၁၅၀၀ ခန့်ဝင်ရောက်လာ ပြီး၊ ဝင်သလောက် အရောင်းအဝယ် ဖြစ်တာတွေ့ရပါတယ်။ ဆီဆန်ကို ရန်ကုန်ဆီစက်နဲ့ ပြည်ဆီစက် သမားများကအဝယ်ရှိသလို လုံးဆန် ကို တရုတ်ဝယ်လက်များက အဝယ် ရှိနေသဖြင့် မြေပဲ ဆန် ဈေးအမြင့် မှာ ရပ်တည်နေတာ တွေ့ရပါတယ်။ ဝေေ၀မင်း - ပြည်