Main menu

Background

နှမ်းနက်တင်ပို့မှု ပိုမိုတင်ပို့

Sun, 01/06/2013 - 06:56 -- ydnar

မြန်မာ-တရုတ်နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၄ ဒသမ ၄၁၂ သန်းတန်ဖိုးရှိ နှမ်းနက် ၂၃၁၂ တန်ကျော်ကို ၂၀၁၂ ခုနှစ်ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်အတွင်း တင်ပို့ နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ နှမ်းညို၊ နှမ်းနီတင်ပို့မှုမရှိဘဲ ကန်ဒေါ်လာ ၂ ဒသမ ၃၁၄ သန်းဖိုးရှိ နှမ်းဖြူ ၁၃၆၁ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၅၀၅ သန်းဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၅၉ တန်ကျော်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။  ဒီဇင်ဘာလ မှာ နှမ်းရောင်စုံတန်ချိန်ပေါင်း ၁၇၆၀၀ ကျော် တင်ပို့နိုင် ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း နှမ်းရောင်စုံ ၈၂၈၀၀ တန်ကိုကန်ဒေါ်လာ ၁၃၆ဒသမ ၀၁၄ သန်းဖိုး တင်ပို့ခဲ့ပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ မူဆယ်-ရွှေလီနှစ်ဖက်မြေပြင် ပေါက် ဈေးများကိုကြည့်လျှင် ဈေးများပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်-

မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု            ယခင်    ပြောင်းလဲမှု    %    ယခု        ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ    ၁၂၁၇၆၅၅    ၁၂၁၇၆၅၅          -          -       ၁၄၃၉    ၁၄၃၉           -            -နှမ်းနက်    ၁၃၂၆၇၂၁    ၁၃၂၆၇၂၁        -         -        ၁၅၆၇     ၁၅၆၇          -            -MIRT (DOBT)