Main menu

Background

မလေးရှားနိုင်ငံမှာ မိုးသည်းထန်စွာရွာခဲ့တဲ့အတွက် ရောင်းလိုအားကျဆင်းသဖြင့် စားအုန်းဆီဈေးမြင့်တက်

Sun, 01/06/2013 - 06:57 -- ydnar

မိုးရွာသွန်းမှုနဲ့ ရေလွှမ်းမိုးမှုက မလေးရှားနိုင်ငံရဲ့ စားအုန်းဆီအထွက်ကို ကျဆင်းစေလိမ့်မယ်။ ဒါကြောင့် ကမ္ဘာမှာ ဆီအုန်းထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ မလေးရှားမှာသိုလှောင်ရုံလက်ကျန်ကျ ဆင်းလိမ့်မယ်လို့ ယူဆကြတဲ့အတွက် ရက်သတ္တ တစ်ပတ်ကျော်အတွင်းမှာ စားအုန်းဆီဈေးနှုန်းအမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။

Malaysia  Derivatives  Exchange  ဒိုင်မှာ မတ်လအတွက် စာချုပ် ဈေးနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ၂၅၀၆ ရင်းဂစ် (၈၂၅ ဒေါ်လာ)နှုန်းရှိခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်နောက်ပိုင်းအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ကွာလာ လမ်ပူမှာဇန်နဝါရီလ ၁ ရက်ညနေ ၄ နာရီ ၄၆ မိနစ်မှာတစ်တန်ကို ၂၄၉၇ ရင်းဂစ် နှုန်း ရှိခဲ့ပါတယ်။  ၂၀၁၂ ခုနှစ်က မလေးရှားမှာ သိုလှောင်ရုံ လက်ကျန် များခဲ့တဲ့ အတွက် ကြိုရောင်းဈေးနှုန်းက ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ မလေးရှား မိုးလေဝသဦးစီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်အရ ဒီဇင်ဘာ ၃၁ ရက်မှာ တာရင်းဂါနူနဲ့ ပါဟန်းဒေသရှိ ခရိုင်အများအပြားမှာ မိုးသည်းသည်း ထန်ထန် ရွာလိမ့်မယ်လို့ သတိပေးထားပါတယ်။ မိုးရွာသွန်းမှုက ဇန်နဝါရီ ၂ ရက်ထိ ဆက်လက်ဖြစ်ပွားပြီး၊ ရေလွှမ်းမိုးမှုဖြစ်နိုင်တယ်လို့ မိုးလေဝသနဌာနက ပြော ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီမှ နိုဝင်ဘာအထိစားအုန်းဆီကြမ်း စုစု ပေါင်းအထွက်ရဲ့  ၁၈ ရာခိုင်နှုန်းကို ဒီပြည်နယ်နှစ်ခုက ထုတ်လုပ် ပေးတာဖြစ် ကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့က ပြောပါတယ်။ " ရောင်းလိုအားကို အဟန့်အတားရှိစေမှာဖြစ်သလို သီးနှံရိတ်သိမ်းတာလည်း ကျဆင်းနိုင်ပါတယ်။ သိုလှောင်ရုံလက်ကျန်တွေလည်းကျဆင်းမှာဖြစ်ပါတယ်" ဟု Phillip  Futures  Pte မှ လေ့လာဆန်းစစ်ရေးမှူး ချွန်လန်းကပြောပါတယ်။ ကမ္ဘာ့အကြီးမားဆုံးစီးပွားရေးဖြစ်တဲ့ အမေရိကန်စီးပွားရေးကို ခြိမ်းခြောက်နေ တဲ့ အသုံးစရိတ်လျှော့ချရေးနဲ့ အခွန်တိုးမြှင့်ရေးကိစ္စကို ရှောင်ကြဉ်နိုင်စေမယ့် ဥပဒေကြမ်းကို အမေရိကန် လွှတ်တော်က အတည်ပြုလိုက်ပြီး နောက် ရေနံမှ ကြေးနီအဆုံး ကုန်စည်ဈေးနှုန်းတွေ ဇန်နဝါရီ ၂၄ ရက်မှာ ပြန်လည်ဦးမော့လာ ပါတယ်။                                                       UNT