၂၀၁၃ ခုနှစ် နှစ်ဆန်းကာလ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ နှမ်းရောင်စုံတို့ အရောင်းအဝယ် ဆက်လက် ကောင်းမွန်နေပြီး၊ မုံရွာပတ်ဝန်းကျင် နှမ်းစိုက်ပျိုးရာ ဒေသများမှ ပစ္စည်းဝင်ရောက်ခဲ့ကာ၊ မန္တလေး-ရန်ကုန်ဒေသ ဝယ်လက်စုံခဲ့တယ် လို့ ကုန်သည်လောက က ကြားသိရပါတယ်။
ယခုတစ်ပတ်ဈေးကွက်မှာတော့ နှမ်းဖြူဝင်ရောက်မှု ပိုမိုအားကောင်းလာခဲ့ ရာ မုံရွာကုန်စည်ဒိုင်မှာ တစ်နေ့ အိတ် ၁၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး၊ ပစ္စည်း အရည်အသွေးအလိုက် တစ်တင်းအနိမ့်ဆုံး ၃၂၀၀၀ ကျပ်မှ အမြင့်ဆုံး ၃၄၀၀၀ ကျပ်ထိ ဈေးရခဲ့ကာ၊ နေ့စဉ်အိတ် ၁၀၀၀ နီးပါးအရောင်းသွက်ခဲ့တာလို့ ဆိုပါ တယ်။ နှမ်းဖြူကို မန္တလေးနဲ့ ရန်ကုန်ဝယ်လက်များမှ ရသလောက် စုဆောင်း ဝယ်ယူလျက်ရှိတယ်လို့ ကုန်သည်များက ပြောပါတယ်။ နှမ်းနက်ကတော့ ယခုတစ်ပတ်မှာ နယ်အဝင်ပါးသွားပြီး၊ တစ်ရက် အိတ် ၁၀၀ ခန့်သာ ဝင်ခဲ့တယ် လို့ ဆိုပါတယ်။ တရုတ်ဝယ်လက် အဝယ်ရှိလို့ တစ်ရက်အိတ် ၁၀၀ ဝန်းကျင်နေ့ စဉ် ရောင်းခဲ့ရပြီး၊ ခုတစ်ပတ်အတွင်း တစ်အိတ် ၃၆၅၀၀ ကျပ် အနိမ့်ဆုံး ပေါက်ခဲ့ပါတယ်။ နှမ်းဝါအနေနဲ့ မန္တလေးဝယ်လက်နဲ့ လိုင်းသမားတွေ အဝယ်ရှိခဲ့ပြီး ယခု တစ်ပတ်မှာ ၃၀၅၀၀ ကျပ်မှ ၃၁၀၀၀ ကျပ်ကြား ဈေးငြိမ်နေပါတယ်။ ဒေသခံ ဆီစက်သမားနဲ့ မန္တလေးဝယ်လက် အဝယ်သွက်ခဲ့တဲ့ နှမ်းနီနဲ့ နှမ်းညိုက နယ်အဝင်လျော့လာခဲ့ကာ ယခုတစ်ပတ်အတွင်း နှမ်းညိုတစ်တင်း ၃၀၀၀၀ ကျပ်၊ နှမ်းနီတစ်တင်း ၃၁၀၀၀ ကျပ် မှာ ဈေးငြိမ်နေကာ အရောင်းအဝယ်အနေနဲ့ နှစ်မျိုးပေါင်းအိတ် ၁၀၀၀ ခန့် ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။မုံရွာ ကုန် စည်ဒိုင်ကို ပုံမှန်ဝင်လာနေကြ အရာတော် နယ်ဘက်က နှမ်းဖြူတွေအနေနဲ့ နှမ်းဈေးလည်းသာ၊သယ်ခလည်း သက်သာ၊ အလေးချိန်ခြင်တွယ်မှုအရ တွက်ခြေ ကိုက်တဲ့ မန္တလေးဘက်ကို တိုက်ရိုက်သွားကြလို့ မုံရွာကုန်စည်ဒိုင်နဲ့ နှမ်းဈေး ကွက်မှ ပစ္စည်းအဝင် အားနည်းသွားခြင်းဖြစ်တယ်လို့ ကုန်သည်ရပ်ကွက်က ကြားသိ ရပါတယ်။ ထွန်းလှိုင် - မုံရွာ