Main menu

Background

ကြံဝယ်ဈေးမှာပုံမှန်ဈေးထက်မကျပါက ၂၀၁၃ မှာစိုက်ဧကတိုးချဲ့မယ်

Sun, 01/06/2013 - 06:59 -- ydnar

ကြံဝယ်ဈေးနှုန်း ၂၀၁၂ ခုနှစ်မှာ ဝယ်ယူခဲ့တဲ့နှုန်းထက် မလျော့ကျပါက ၂၀၁၃ ခုနှစ်အတွက် စိုက်ဧကတိုးချဲ့မယ်လို့ သိရပါတယ်။

ယခုထွက်ရှိခဲ့တဲ့ ကြံထွက်နှုန်းမှာ ရာသီဥတုကြောင့် ကြံထွက်နှုန်း လျော့ကျသော်လည်း ကြံဝယ်ဈေးမှာ တောင်သူတွက်ခြေကိုက်တဲ့နှုန်းနဲ့ဝယ်ယူပြီး၊ ယခုရာသီချိန်မှာ စိုက်ဧကတိုးချဲ့မှာ ဖြစ်ကြောင်း တောင်သူများထံမှ သိရပါတယ်။တကောင်းမြို့နယ်၊ ရေယဉ်ကျေးရွာ၊ မြနန္ဒာကွင်း၊ ကြံစိုက်တောင်သူ ကိုစိန်စတင်းက "ကြံ စိုက်ဧက တိုးချဲ့စိုက်တာများတယ်။ အခြားသီးနှံက မသေချာဘူး။ ကြံက တစ်နှစ်မှတစ်ခါပေါ်ပေ မယ့် သုံးနှစ်လောက်စားရတယ်။ ကြံဝယ်ဈေးကလည်း မဆိုးဘူး။ မနှစ်က ကြံတစ်တန် ၂၀၀၀၀ ကျပ်ဈေးရခဲ့တယ်။ ဒီနှစ်က ၂၆၀၀၀ ကျပ်ရတယ်။ ကျွန်တော့မှာ စက်ရှိပေမယ့် စက်သေးမို့ မကြိတ်တော့ဘဲ ဂရိတ်ဝေါလ် အသေးစက်ပဲသွင်းတယ်။ ဒီနှစ်က ရာသီဥတုကြောင့်  မိုးနည်းလို့ ထွက်နှုန်းလျော့တာ။ ခုစိုက်မယ့်နှစ်က "လမဲ့ "ခင်းဆိုတော့ အခြားသီးနှံမစိုက်ဘဲ မြေလပ်သလို ကြံဘဲစိုက်မယ်။ ၂၀၁၃ မှာ ပုံမှန်ဈေးဆို တိုးစိုက်မယ်။ ကြံမဖြစ်တဲ့နေရာလောက်ပဲ နှမ်းစိုက်ပျိုး ကြတယ်"လို့ ပြောပါတယ်။ကြံသီးနှံစိုက်ပျိုးမှု အခြေအနေ တိုးတက်လာပြီး ၂၀၁၀-၂၀၁၁ မှာ စိုက်ဧက ၃၆၅၅၀၅ ဧက၊ ၂၀၁၁-၂၀၁၂ မှာ စိုက်ဧက ၃၇၄၄၉၅ ဧကနဲ့ ၂၀၁၂-၁၃ မှာ စိုက်ဧက ၃၈၂၃၂၀ ဧက တိုးချဲ့စိုက်ပျိုးမှုရှိပြီး၊ ယခင်နှစ်ကထက် ၇၈၂၅ ဧက တိုးချဲ့စိုက်ပျိုးမှုရှိကြောင်း၊ အစိုးရသကြား စက်မှာ ကြံဝယ်ဈေးက ပျဉ်မနားမြို့မှာ တစ်တန်ကို ၃၀၀၀၀ ကျပ်၊ နောင်ချိုမြို့နယ်မှာ ၃၇၀၀၀ ကျပ်ဈေးနဲ့ ဝယ်ယူမှုရှိကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး