Main menu

Background

နှစ်သစ်ကူးအပြီး မြန်မာ့ရွှေဈေး ကျပ်ရှစ်ထောင်ကျော် ပြန်လည်မြင့်တက်လာ

Sun, 01/06/2013 - 07:00 -- ydnar

နှစ်သစ်ကူးအပြီးတွင် မြန်မာ့ရွှေဈေးသည် ကျပ် ရှစ်ထောင်ကျော် ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျဆင်း လာခဲ့ရာ ကျပ် ၇၅၇၀၀၀ အထိ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း မြန်မာ့ရွှေဈေးသည် ကျပ် ၇၇၂၀၀၀အထိ အမြင့်ဆုံးဈေးနှုန်းတွင် ရှိခဲ့သော် လည်း ဒီဇင်ဘာ ၄ ရက်မှစကာ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလ ဒုတိယပတ် တွင် အမြင့်ဆုံးဈေး ကျပ် ၇၆၈၀၀၀ အထိရှိခဲ့သော်လည်း တတိယပတ်မှ စတင်ကာ ကျဆင်းခဲ့သည်။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ဖြစ်သည့် ဒီဇင် ဘာ ၃၁ ရက်တွင် မြန်မာ့ရွှေဈေးသည် ၇၅၈၃၀၀ ကျပ်အထိ ကျဆင်းခဲ့ သည်။နှစ်သစ်ကူးပွဲတော်မတိုင်မီ မြန်မာ့ရွှေဈေးသည် ကျဆင်းခဲ့သော် လည်း နှစ်သစ်ကူးပွဲတော်အပြီးတွင် မြန်မာ့ရွှေဈေးသည် ပြန်လည်မြင့် တက်ခဲ့ရာ ဇန်နဝါရီ ပထမပတ်အတွင်းမှာပင် ကျပ် ရှစ်ထောင်ကျော် မြင့်တက်ခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်တွင် ကျပ် ၇၅၈၃၀၀ ရှိခဲ့သည့် မြန်မာ့ရွှေဈေး သည် ဇန်နဝါရီ ၁ ရက်တွင် ကျပ်  ၇၆၀၀၀၀ ရှိခဲ့သည်။ ထို့နောက် ဆက်လက်မြင့်တက်ခဲ့ရာ ဇန်နဝါရီ ၃ ရက်တွင် ကျပ် ၇၆၇၀၀၀ အထိ မြင့်တက်ခဲ့သည်။မြန်မာ့ရွှေဈေးသည် ၂၀၁၃ ခုနှစ်အတွင်း မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားရာ မြန်မာ့ရွှေဈေးကွက်အတွင်း လှုပ်ခတ်မှုများ ရှိလာနိုင် ကြောင်း သိရသည်။"ဒီ ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ရွှေဈေးရော မြန်မာ့ရွှေဈေးပါ မြင့်တက်လာ နိုင်ပါတယ်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာနိုင်တာကတော့ ရွှေကို ဝယ်ပြီးစု ကြတော့မယ်။ အမေရိကန်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေ ပြင်ပြီးသွားရင် တော့ ရွှေဈေးတက်လာနိုင်တယ်လို့ ခန့်မှန်းထားကြတော့ အဲဒီအချိန် ကျရင် ရွှေဈေးက အခုထက်ပိုပြီး တက်လာနိုင်တယ်။ ဒီနှစ်ထဲမှာ ကျဖို့ တော့ မရှိပါဘူး"ဟု ရွှေဘုံသာလမ်းအတွင်းမှ ရွှေကုန်သည်တစ်ဦးက ပြောသည်။ကမ္ဘာ့ရွှေဈေးသည်လည်း ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းတွင် အမြင့် ဆုံး ၁၇၀၂ ဒေါ်လာသို့ ရောက်ရှိခဲ့ပြီးနောက် အတက်အကျများဖြင့် ရှိနေခဲ့ရာ  အနိမ့်ဆုံး ၁၆၄၁ ဒေါ်လာအထိ  ကျဆင်းခဲ့သည်ကို တွေ့ရ သည်။                                               မယ်သီတာ