Main menu

Background

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ငြိမ်သက်လျက်ရှိ သမဝါယမဘဏ်မှ အခြားဘဏ်များထက် ငွေလဲနှုန်းမြင့်တက်

Sun, 01/06/2013 - 07:00 -- ydnar

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေ နှင့် မြန်မာငွေလဲလှယ်နှုန်းသည် ငြိမ် သက်လျက်ရှိသည်ကို တွေ့ရသည်။ဒီဇင်ဘာလလယ်ပိုင်းက  အနည်း ငယ်မြင့်တက်ခဲ့သည့် ငွေလဲနှုန်းသည် ပြန်လည်ကျဆင်းခဲ့ကာ ငြိမ်သက်လာ ခဲ့သည်ကို တွေ့ရသည်။

ပုဂ္ဂလိကဘဏ်များတွင်  ဖွင့်လှစ် ထားသည့်  ငွေလဲစင်တာများအနက် သမဝါယမဘဏ်မှ ဖွင့်လှစ်ထားသည့် ငွေလဲကောင်တာများတွင် ငွေလဲနှုန်း မှာ တခြားဘဏ်များထက် မြင့်မား နေ သည်ကိုတွေ့ရကြောင်း သိရသည်။သမဝါယမဘဏ်တွင် အမေရိကန် တစ်ဒေါ်လာလျှင်  ရောင်းဈေး ၈၆၄  ကျပ် ဝယ်ဈေး ၈၅၅ကျပ်ရှိခဲ့ပြီး သိမ်ဖြူ ငွေလဲကောင်တာတွင် ရောင်းဈေး ၈၅၈ ကျပ်၊ ဝယ်ဈေး ၈၅၂ ကျပ်သာ ရှိခဲ့ ကြောင်း သိရသည်။"ဒီဘဏ်မှာက   ဝယ်တဲ့သူရော လာရောင်းတဲ့သူပါ များတယ်။ အဝယ် ရော အရောင်းရော  မျှနေတဲ့အခါကျ တော့ ဗဟိုဘဏ်က သတ်မှတ်ပေးထား တဲ့ငွေလဲနှုန်းပေါ်မှာအခြေခံပြီး ဈေးကို သူများထက်ပိုပြီး ပေးထားတာပါ။ ဒါမှ ငွေလဲတဲ့သူတွေက ကျွန်တော်တို့ဆီကို ပဲလာပြီး လဲမှာပေ့ါ"ဟု  သမဝါယမ ဘဏ် ငွေလဲစင်တာမှ ဝန်ထမ်းတစ်ဦး က ပြောကြားခဲ့သည်။ဧရာဝတီဘဏ်တွင်မူ  ရောင်းဈေး ၈၆၀ ကျပ် ဝယ်ဈေး ၈၅၂ ကျပ်ရှိခဲ့ပြီး ကမ္ဘောဇဘဏ်တွင်မူရောင်းဈေး ၈၅၈ ကျပ် ဝယ်ဈေး ၈၅၂ ကျပ်ရှိခဲ့ကြောင်း သိရသည်။ပြင်ပငွေဈေးကွက်တွင်မူ ရောင်းဈေး ၈၅၆ ကျပ် ဝယ်ဈေး ၈၅၅ ကျပ်ရှိခဲ့ ကြောင်း သိရသည်။မယ်သီတာ