Main menu

Background

တောင်ကြီးဈေးကွက်မှာ ပန်းနှမ်းနဲ့ ပဲစင်းငုံနီဈေးကွက်ထဲ စတင်ဝင်ရောက်ပြီး ပြောင်းက ပုံမှန်အရောင်းအဝယ်ဖြစ်

Sun, 01/06/2013 - 07:03 -- ydnar

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ရပ်စောက်၊ ဟိုပုံးနဲ့ ဆီ ဆိုင်ဒေသတစ်ဝိုက်မှ ပန်းနှမ်းတွေ ဈေးကွက်ထဲစတင်ဝင်ရောက်လာပြီး ဈေးကွက်ဖွင့်ချိန်မှာ အဖွင့်ဈေးက တစ်ပိဿာ ၁၁၀၀ ကျပ်နဲ့ ဒေသ တွင်းဆီစက်သမားတွေ ဝယ်အားပုံမှန်ရှိပေမယ့် နောက်ပိုင်းရက်တွေ မှာ ဈေးကွက်သို့ ပစ္စည်းအဝင် များလာတာကြောင့် ဈေးကွက်အနေ အထားအရ ဈေးအနည်းငယ်ကျလာပြီး ဈေးကွက်ပိတ်ချိန်မှာတော့ တစ်ပိဿာ ၁၀၄၀ ကျပ်ဈေးပဲ ရှိပါတော့တယ်။ အရောင်းအဝယ် အနေနဲ့ကတော့ တစ်ပတ်အတွင်း ပိဿာချိန် ၁၀၀၀၀ ခန့်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲစင်းငုံနီ(သစ်)တွေက ရပ်စောက်၊ ဆီဆိုင်နဲ့ လင်း ခေးဒေသတစ်ဝိုက်မှ ဈေးကွက်ထဲစတင်ဝင်ရောက်လာပြီး အကြီးစ ကတစ်ပိဿာ ၇၆၀ ကျပ် (တစ်တန်ကို ၄၆၅၄၁၆ ကျပ်)၊ အသေးစ ကတော့ တစ်ပိဿာ ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေး နဲ့ အသီးသီးဈေးဖွင့်ခဲ့ပေမယ့် ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းဝယ် လက်တွေက အဝယ်မရှိသေးဘဲ  ဈေးကွက်အနေအထားကိုသာ စောင့်ကြည့်နေတယ်လို့ ဒေသခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒေသထွက်ပြောင်းကတော့ ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်- မန္တလေးဝယ်လက်နဲ့ ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၁၆ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။