မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(ဟောင်း)က ရောင်း သူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် အထိုက်အလျောက်ရှိပေ မယ့် ဝယ်လက်တွေက ဈေးကွက်ထဲအသစ်ဝင်လာတဲ့ ပဲစင်းငုံနီ(သစ်) ကိုသာ ဝယ်အားရှိနေတယ်လို့သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ ပဲစင်းငုံနီတစ်ပိဿာ ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ (ထိုင်ဝမ်)ကိုတော့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိ ပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတယ် လို့သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၄၇ ကျပ် (တစ်တန်ကို ၅၇၉၉၃၃ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကြီးကို ရန်ကုန် ဝယ်လက်နဲ့ မန္တလေးဝယ်လက်က အရည်အသွေးပေါ် မူတည်ပြီး ဝယ်အား အထိုက်အလျောက်သာရှိခဲ့တယ်လို့သိရပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာကို ၁၀၅၃ ကျပ် (တစ်တန်ကို ၆၄၄၈၄၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ဆီထွက်သီးနှံဖြစ်တဲ့ နှမ်းမျိုးစုံကို မန္တလေးဝယ်လက်နဲ့ ဒေသ တွင်းဆီစက်သမားများက အဝယ်စုံညီစွာနဲ့ နေ့စဉ်အရောင်းအဝယ် ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ် ပိဿာ ၂၂၂၅ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၁၁၁ ကျပ်၊ နှမ်းနက်တစ် ပိဿာ ၂၅၁၁ ကျပ်၊ နှမ်းနက်စမုံ ၂၆၉၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ် ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background