Main menu

Background

ပြည်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲတီစိမ်း အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး ပဲစင်းငုံနီ အရောင်းအဝယ်နည်း

Sun, 01/06/2013 - 07:08 -- ydnar

ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ ဒေ သတွင်းပဲခွဲစက်များက ဝယ်အားပုံမှန်ရှိသလို ရောင်းလက်များက လည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၂၀ ကျပ် (တစ်တန်ကို ၄၄၀၉၂၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲစင်းငုံနီ(ဟောင်း)နဲ့စာရင် ပဲစင်းငုံနီ(သစ်)ကိုသာ ဝယ်လက်တွေက ပြည်ပဈေးကွက် အပေါ်မူတည်ပြီး အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်း(သစ်) တွေက ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်းနဲ့ ကံမမြို့များမှ ဝင်ရောက်မှုများလာသလို မန္တလေးဝယ်လက်ကလည်း ဝယ်လိုအား များခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၁၀၃၅ ကျပ်(တစ်တန်ကို ၆၃၃၈၂၃ ကျပ်)ဈေး နဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။