ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ဈေးကွက်ထဲအသစ်ဝင်လာတဲ့ ပဲစင်းငုံနီကို ပြည်ပအတွက်ဝယ်ယူနေတဲ့ ဝယ်လက်တွေအဆွဲသိပ် မသွက်သေးဘဲ မြို့ခံကုန်သည်တွေအချင်းချင်းသာ အဝယ်ရှိလို့ နေ့ စဉ် အရောင်းအဝယ်ခပ်ပါးပါးသာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၅၀ ခန့်ဖြစ်ခဲ့တယ်လို့ဈေး ကွက်အတွင်း မှသိရပါတယ်။ ဒေသထွက် ပဲတီစိမ်းသေးကို ဝယ်လက် တွေက ဈေးအတက်အကျနဲ့ ပုံမှန်အရောင်းအဝယ် ရှိနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိ ဿာ ၁၀၉၄ ကျပ်(တစ်တန်ကို ၆၆၉၉၅၄ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background