Main menu

Background

မန္တလေးဈေးကွက်

Sun, 01/06/2013 - 07:10 -- ydnar

မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးကို တရုတ်အဆွဲသွက်ပြီး  ပဲစင်းငုံနီ(သစ်) ကတော့ အဝင်များလာပေမယ့် ပြည်ပအဆွဲ သိပ်မသွက်၊ ပဲလွန်းဖြူက ပုံမှန်အရောင်းအဝယ်ဖြစ်မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် အရောင်းအဝယ်အသွက် ဆုံးက ပဲတီစိမ်းကြီးဖြစ်ပြီး ဈေးကွက်ထဲ အသစ်ဝင်ရောက်လာတဲ့ ပဲ စင်းငုံနီကတော့ ပြည်ပအဆွဲမသွက်သေးဘဲ  ပြည်တွင်းကုန်သည်အ ချင်းချင်းသာ အရောင်းအဝယ်ရှိနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ ဒါ့အပြင် ပဲလွန်းဖြူကိုတော့ တရုတ်ဝယ်လက်က အရည်အ သွေးပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ ကရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်ရှိနေပေမယ့် ရန်ကုန်အဆွဲနည်းပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အားပုံမှန်ရှိခဲ့တယ် လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်တော်တော်လေးနည်း သွားပြီလို့ သိရပါတယ်။ ပဲတီစိမ်းကြီးက ဈေးကွက်သို့အဝင်ပုံမှန်ရှိ သလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေး ပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၂၀ ကျပ်(တစ်တန်ကို ၆၈၅၈၇၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၄၀၀ ကြားအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲသို့ဝင်ရောက် လာတဲ့ ပဲစင်းငုံနီ(သစ်)ကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ရန်ကုန် ဝယ်လက်အဝယ်နည်းပြီး မြို့ခံကုန်သည်များကသာ ဝယ်အားပုံမှန်ရှိ ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့နေ့စဉ်အိတ် ၁၀၀၀ ခန့်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အရည်အသွေးညံ့တဲ့ ပဲစင်းငုံနီ (ရွှေဘို)စကိုတော့ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်တွေက ဈေး နှိမ်အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၆၃၃ ကျပ်(တစ်တန်ကို ၃၈၇၆၄၂ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်အဆွဲပုံမှန်ရှိတဲ့ ပဲလွန်းဖြူက ဈေးကွက်မှာ သူ့ဈေးနဲ့သူ အရောင်းအဝယ်ပုံမှန်ရှိခဲ့တယ် လို့သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၀၈၆ ကျပ် (တစ်တန်ကို ၆၆၃၂၁၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ နှမ်းဈေးကွက်ဟာ နယ်စုံမှ အဝင်လှိုင်နေ သလိုပြည်ပဝယ်လက်နဲ့ ဒေသခံဆီစက်သမားတွေ ဝယ်အားပုံမှန်ရှိ လို့နေ့စဉ်အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၂၂၂ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၀၀၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၄၈၉ ကျပ်၊ နှမ်းနက်စမုံတစ်ပိ ဿာ ၂၇၇၈ ကျပ်နဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၄၀၀၀ ခန့်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။