Main menu

Background

ဟင်္သာတဈေးကွက်မှာ ပဲလွန်းဖြူ(သစ်)တွေ ဈေးကွက်ထဲစတင်ဝင်ပြီး မတ်ပဲ လက်ကျန်နည်းနေ

Sun, 01/06/2013 - 07:13 -- ydnar

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် ဟင်္သာတဒေသ အနီးတစ် ဝိုက်မှ ပဲလွန်းဖြူ(သစ်)တွေ ဈေးကွက်ထဲ စတင်ဝင်ရောက်လာပြီး အဖွင့်ဈေးက တစ်ပိဿာ ၈၆၅ ကျပ် (တစ်တန်ကို ၅၂၉၇၁၇ ကျပ်) ဈေးနဲ့ ဈေးဖွင့်ခဲ့သလို ရန်ကုန်ဝယ်လက်ကလည်း စတင်အဝယ်ရှိနေ ပြီလို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ရက်ကို အိတ် ၁၀၀ မှ ၁၅၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်ပဲကတော့ ရောင်း သူကုန်သည်တွေထံမှ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်ဝယ် လက်ကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၇၂၅ ကျပ် (တစ်တန်ကို ၄၄၃၉၈၂ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ မတ်ပဲ(သစ်)ဒေသအခေါ်ခြံပဲကတော့ ဈေးကွက်ထဲကို ဇန်န ဝါရီတတိယပတ်မှာ စတင်ဝင်ရောက်တော့မယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။