Main menu

Background

ချင်းအစို၊ ငရုတ်သီးခြောက် Carnation နဲ့ နယ်စပ်ကုန်သွယ်ရေး

Sun, 01/06/2013 - 07:16 -- ydnar

မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဒီဇင် ဘာလအတွင်း ကျင်းပတဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်း အဝေးမှာ ချင်းအစိုနဲ့ Carnation ပန်းတင်သွင်းမှု၊ ငရုတ်သီး ခြောက်တင်ပို့မှုများနဲ့စပ်လျဉ်းပြီး ကုန်သည် လုပ်ငန်းရှင်များရဲ့ မေးမြန်းချက်အပေါ် စခန်းတာဝန်ခံရဲ့ ပြန်လည်ဖြေကြားချက် စာ ကိုဖော်ပြပေးလိုက်ရပါတယ်။

ချင်းအစိုနဲ့ Carnation ပန်းအစို  တင်သွင်းခွင့်နဲ့ ပတ်သက်ပြီး မောချယ်ရီမြေ ကုမ္ပဏီကိုယ်စားလှယ် ဦးဖြိုး အောင်ထိန်က ချင်းအစို တင်သွင်းခွင့်ရမရ၊ စိုက်ပျိုးရေး ထောက်ခံချက်လိုမလိုသိလိုကြောင်း၊ ယခင်က ကာနေရှင်း ပန်းအစိုအား နယ်စပ်စခန်း လိုင်စင်ခွင့်ပြုပေးခဲ့သော်လည်း ယခု Auto လိုင်စင်ခွင့်ပြု စာရင်းအမယ်တွင် မပါသဖြင့် ရုံးချုပ် သို့ ကြေးနန်းတင်နေရတဲ့အတွက် Auto လိုင်စင်ခွင့်ပြုစာရင်း တွင် ထည့်သွင်းပေးစေလိုကြောင်း  Junction River Co., မှ ငရုတ်သီးခြောက် တင်ပို့ခွင့်နဲ့  စပ်လျဉ်းပြီး ဒါရိုက်တာ ဦးဝင်းနိုင်ကတော့ ငရုတ်သီးခြောက် တင်ပို့ရန် စားဖိုဆောင် အသင်းထောက်ခံချက်ရနိုင်ခြင်း ရှိ မရှိကို မေးမြန်းခဲ့တာ ဖြစ် ပါတယ်။ ချင်းကို မျိုးအဖြစ် တင်သွင်းမယ်ဆိုပါက မြန်မာ စိုက် ပျိုးရေးမှ ထောက်ခံချက်ရယူရမှာဖြစ်ပြီး စားသုံးရန်အတွက် ဆိုမူ စားဖိုဆောင်အသင်း ထောက်ခံချက်ရယူရန်  လိုအပ် ကြောင်း၊ ငရုတ်သီးခြောက် တင်ပို့လိုပါက ကုမ္ပဏီမှ တင်ပြ လျှောက်ထားရန်နဲ့ မြဝတီနယ်စပ်မှာ လည်းခွင့်ပြုပေး ထားပြီး ဖြစ်လို့ မူဆယ် နယ်စပ်မှာလည်း ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း၊ ကာနေရှင်းပန်းအစိုတင်သွင်းမှုနဲ့စပ်လျဉ်းပြီး ယခင်စခန်း လိုင်စင် ခွင့်ပြုထားခဲ့ပြီးဖြစ်တဲ့အတွက် Auto လိုင်စင်ခွင့်ပြု အမယ်မှာပါရှိရေး အတွက်ရုံးချုပ် သို့တင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းပေးခဲ့ကြောင်း သိရပါတယ်။Source:နကသ(မဆ)၊ပန်းချယ်ရီ