Main menu

Background

ထိုင်းနယ်စပ်စခန်းများမှ ရေထွက်ကုန် ကန်ဒေါ်လာ ၄ သန်းကျော် တင်ပို့နိုင်ခဲ့

Sun, 01/06/2013 - 07:27 -- ydnar

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ငါးမျိုးစုံ ၅၈ တန်ကျော်၊ ပုစွန် ၆ တန်ကျော်၊ ကဏန်း ၆ တန်ကျော်၊ ငါး ရှဉ့် ၇ တန်နီးပါး၊ ကဏန်း အသေး (အသေ) ၁၅ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စုစုပေါင်းရေထွက်ကုန် ၉၃ တန်ကျော် အပို့ရှိရာ ယခင်အပတ်ကထက်  ၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကအပို့မရှိတဲ့ ငါးရှဉ့်၊ ကဏန်းအသေး (အသေ) ကို ယခုအပတ်မှာ တင်ပို့ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒီဇင်ဘာ တစ်လလုံးအနေနဲ့လည်း ကန်ဒေါ်လာ ၁ ဒသမ ၂၂၆ သန်း တင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလ နိုဝင်ဘာလနှင့် နှိုင်းယှဉ်လျှင် လည်း ကန်ဒေါ်လာ သုည ဒသမ ၅၁၃ သန်းပိုမိုခဲ့ပါတယ်။

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ယခုအပတ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၇၇၈ သန်း တန်ဖိုးရှိ၊ ငါးမျိုးစုံ ၂၅၇၃ တန်ကျော်၊ ကင်းမွန် ၃၆ တန်ကျော်၊ ငါး ဆားနယ် ၅၆ တန်ကျော်၊ ကျောက်ပုစွန် (ပဂဲ) ၂ တန်နီးပါး၊ ကဏန်း ၇ တန်ကျော်၊ ဗီလား ၄ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်အပတ် ကတင်ပို့မှုမရှိတဲ့အတွက် ယခင်အပတ်ထက် ၂၆၈၀ တန်ကျော်ပိုမိုတင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာလတစ်လလုံး အနေနဲ့ ကန်ဒေါ်လာ ၃ ဒသမ ၉၉၉ သန်းတင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလနိုဝင်ဘာလနှင့်နှိုင်းယှဉ်လျှင် ကန်ဒေါ်လာ သုည ဒသမ ၂၁၃ သန်းပိုမို ခဲ့ပါတယ်။  မြိတ်နယ်စပ်ကိုကြည့်မယ်ဆိုလျှင် ကန်ဒေါ်လာ ၂ ဒသမ ၃၂၂ တန်ဖိုးရှိ ငါးမျိုးစုံ ၁၅၀၀ တန်ကျော်၊ ရေငန်ပုစွန် ၁၈ တန်၊ အေးခဲပုစွန် ၂၃ တန်ကျော်၊ ငါးမှုန့် ၃၅၀ တန်၊ ပုစွန်ခြောက် ၁ တန်ကျော်၊ ကဏန်းအသေး (အသေ) ၃ တန်၊ ကဏန်းပျော့ ၁၁ တန်ကျော်၊ ကဏန်းနီ ၅၄ တန်၊ ငါးဆားနယ် ၂၉ တန်ကျော်၊ ကင်းမွန်ပြုတ်ခြောက် ၂၀ တန်ကျော်၊ ရွှံ့ကဏန်းအရှင် ၁ တန်ကျော်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိခဲ့သော ငါးဆားနယ်၊ ကင်း မွန်ပြုတ်ခြောက်၊ ရွှံ့ကဏန်း (အရှင်) တို့တင်ပို့ခဲ့တာကြောင့် ၁၄၈ တန်ကျော်ပိုမိုတင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာလအနေနဲ့ တန်ဖိုးကန်ဒေါ်လာ ၁၂ ဒသမ ၃၁၄ သန်းတင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလနိုဝင်ဘာလနှင့် နှိုင်းယှဉ်လျှင် ကန်ဒေါ်လာ ၂ ဒသမ ၉၇၉ သန်းပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။  ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများအနေနဲ့ ယခုအပတ် မှာ ရေထွက်ကုန် ၄၇၈၇ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်အပတ် တင်ပို့မှုထက် ၂၈၃၀ တန်ကျော်ပိုမိုတင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာ လ တစ်လလုံးအနေနဲ့လည်း ၁၇၃၆၂ တန် ကျော်တင်ပို့နိုင်ခဲ့ ပြီး အနီးစပ်ဆုံးကာလနိုဝင်ဘာလနှင့်နှိုင်းယှဉ်လျှင်လည်း ၃၃၂၄ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီ လမှ ဒီဇင်ဘာလထိရေထွက်ကုန် ၉၇၅၃၀ တန်ကျော်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁၁၁ ဒသမ ၄၀၄ သန်းတင်ပို့နိုင်ခဲ့ပါ တယ်။ ခင်မြနွယ်၊MIRT (DOBT)