မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်ရှိ သစ်သီးဝလံကုန်စည်ဒိုင်ကို ဖရဲသီးကားများ တစ်နေ့ ပျမ်းမျှ ၁၁၅ စီးဝန်းကျင်အဝင်ရှိနေပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၅၇ သန်းတန်ဖိုးရှိ ဖရဲ သီး ၁၁၅၈၂ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၃၆၀ လျော့နည်းခဲ့ပါတယ်။
သခွားမွှေး တင်ပို့မှုတွင် ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၁၃၃ သန်းတန်ဖိုးရှိ သခွားမွှေး ၆၃၂ တန်ကျော် တင်ပို့ခဲ့ပြီး ကားစီးရေတစ်နေ့ပျမ်းမျှ ၁၅ စီးအဝင်ရှိခဲ့ပါတယ်။ နာနတ်သီးတင်ပို့မှုမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ နာနတ်သီး ၂ တန်ကိုလည်း တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်း သစ်သီးတင်ပို့မှုမှာ ဖရဲသီး ၅၂၀၂၂ တန်ကျော်နဲ့ သခွားမွှေး ၄၂၅၈ တန်၊ နာနတ်သီး ၄ တန် အသီးသီး တင်ပို့ထားပြီးဖြစ်တယ်လို့ မူဆယ်နယ်စပ်ကုန်သွယ် စခန်းမှ သတင်းရရှိပါတယ်။မြင့်မြင့်မာ၊ MIRT (DOBT)