Main menu

Background

အိန္ဒိယသို့ကွမ်းသီးခြောက်များ ပုံမှန်တင်ပို့လျက်ရှိ

Sun, 01/06/2013 - 07:38 -- ydnar

မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ တမူးနဲ့ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်း များမှယခုအပတ်မှာ ကန်ဒေါ်လာသုညဒသမ ၂၂၉ သန်းတန်ဖိုး ရှိ ကွမ်းသီးခြောက် ၂၁၇ တန်ခန့်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၂၆၄ တန်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၄၇ တန် လျော့ကျတင်ပို့ခဲ့ပေမဲ့ ကွမ်းသီး တင်ပို့မှု ပုံမှန် ဖြစ်နေပါတယ်။ ဒီဇင်ဘာလတစ်လလုံးမှာ ကွမ်းသီး ၂၅၅၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၅၃၅ သန်းဖိုးသာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကွမ်းသီး ခြောက်များဟာ မုံရွာဒေသမှထွက်ရှိတဲ့ ကွမ်းသီးခြောက်များ အပြင် ရေး၊ မြိတ်၊ ထားဝယ်ဘက်မှလာတဲ့ ကွမ်းသီးခြောက်များကိုပါ တစ်ဘက်နိုင်င ံမိုရေးမှတစ်ဆင့် အိန္ဒိယသို့တင်ပို့နေတာ ဖြစ်ပါတယ်။ ကွမ်းသီးခြောက်များကို မိမိဘက်မှာ ၁ ကီလို ကို ၉၀၀ ကျပ်ဈေးပေါက်ပြီး တစ်ဖက်နိုင်ငံမှာတော့ ၁ ကီလို ၆၅ ရူပီးနဲ့ ၇၀ ရူပီး (၁ ဒသမ ၁၈ - ၁ ဒသမ ၂၇ ဒေါ်လာ) ကြားဈေးရှိတယ်လို့လည်း တမူးနယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် သိရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိမှာတော့ ၁၀၄၂၅ တန် တန်ဖိုး ကန်ဒေါ်လာ ၁၃ ဒသမ ၄၂၄ သန်းဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                       ခင်မိုးသူ၊ MIRT (DOBT)