Main menu

Background

မူဆယ်နယ်စပ်မှ ပြောင်းတန်ချိန် ၁၆၀၀၀ ကျော် တင်ပို့နိုင်

Sun, 01/06/2013 - 07:53 -- ydnar

မြန်မာ-တရုတ်နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၂၅၀ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ တန်ချိန် ၁၆၄၉၀ ကျော်ကို တင်ပို့နိုင်ခဲ့သလို ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးမှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၂၂ သန်းတန်ဖိုးရှိ ပြောင်း ၃၆၂ တန်ကို တင်ပို့ခဲ့ပါတယ်။ နယ်စပ်စခန်းအသီးသီးမှ ဒီဇင်ဘာလအတွင်း ပြောင်း ဖူးစေ့ တန်ချိန် ၉၈၀၀၀ ကျော်ရှိပြီး ၂၀၁၂ ခုနှစ်တစ်နှစ်လုံးအနေနဲ့ ကန်ဒေါ်လာ ၁၄၄ ဒသမ ၆၈၈ သန်းဖိုးရှိတဲ့ ပြောင်းတန်ချိန် ၅ သိန်းကျော်ကို တင်ပို့ခဲ့ပြီးဖြစ် တယ်လို့ သတင်းရရှိပါတယ်။ ပြောင်းဈေးများသိသိသာသာပြောင်းလဲမှုမရှိတာ တွေ့ ရပါတယ်။ မူဆယ်-ရွှေလီ နှစ်ဖက်မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်-
မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု         ယခင်       ပြောင်းလဲမှု    %        ယခု    ယခင်    ပြောင်းလဲမှု    % ၂၆၁၂၈၈    ၂၆၄၁၇၃             ၁          ၃၁၈     ၃၂၁      ၃            ၁MIRT (DOBT)