Main menu

Background

ပင်လယ်ရေကြောင်းမှ ရော်ဘာ ပို့အားကောင်း

Sun, 01/06/2013 - 07:58 -- ydnar

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၈၅၇ သန်းတန်ဖိုးရှိ ရော်ဘာ ၁၀၄၅ တန်ကျော်ကို မလေးရှားနဲ့စင်္ကာပူနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက်တင်ပို့ နိုင်မှု တွေကတော့ မလေးရှားသို့ ၅၃၆ တန်နဲ့ စင်္ကာပူနိုင်ငံသို့ ၅၀၉ တန်ကျော ်ဖြစ်ပါတယ်။  ဒီဇင်ဘာလတစ်လလုံးမှာ ကန်ဒေါ်လာ ၉ ဒသမ ၃၄၁ သန်းတန်ဖိုးရှိ ရော်ဘာ ၃၄၄၇ တန်ကျော်တင်ပို့ထားခဲ့ပြီး နိုင်ငံအလိုက်တင်ပို့မှုတွေကတော့ စင်္ကာပူနိုင်ငံသို့ ၁၄၇၃ တန်ကျော်၊ မလေးရှားနိုင်ငံသို့ ၉၃၉ တန်၊ တရုတ်နိုင်ငံသို့ တန် ၁၀၀၀၊ အိန္ဒိယနိုင်ငံသို့ တန် ၂၀ နဲ့ ပါကစ္စတန်နိုင်ငံသို့ ၁၅ တန်ခန့်ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကန်ဒေါ်လာ ၆၂ ဒသမ ၃၇၆ သန်းတန်ဖိုးရှိ ရော်ဘာ ၂၀၉၈၇ တန်ကျော်ကို တင်ပို့ထားပြီးဖြစ်ပါတယ်။ နိုင်ငံတကာရော်ဘာပေါက်ဈေးမှာ ယခင်ပတ်ထက် ဒေါ်လာ ၇၀ ခန့် တက်သွား ပါတယ်။ မိမိတို့ FOB ရော်ဘာပေါက်ဈေးမှာလည်း ယခင်အပတ်ထက် ဒေါ်လာ ၅၀ ခန့် ဈေးတက်သွားပြီး RSS-1 တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀၊ MSR-10 တစ်တန်လျှင် ၂၉၀၀-၃၀၀၀၊ RSS-3 နဲ့ MSR-20 တစ်တန်လျှင် ၂၈၅၀-၂၉၅၀၊RSS-5 နဲ့ MSR-50 တစ်တန်လျှင် ၂၇၅၀-၂၈၅၀၊ Crepe Rubber  တစ်တန်လျှင် ၂၆၅၀-၂၇၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်းက ထုတ်ပြန်ထားပါတယ်။          MIRT (DOBT)