မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နဲ့လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ သုည ဒသမ ၀၉၄ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၂၃၀၀ ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ၁ ရက်နေ့ အတွင်းမှာ တစ်ဘက် နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ အဆိုပါကြံတန်ချိန် ၂၃၀၀ မှာ ချင်းရွှေဟော်မှ တန်ချိန် ၁၇၀၀ နဲ့ လွယ်ဂျယ်မှ တန်ချိန် ၆၀၀ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဇင်ဘာလ တစ်လလုံး မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၃၀၇ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၂၈၂၀ တန်ကို တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ MIRT (DOBT)
Background