Main menu

Background

အိန္ဒိယ ရော်ဘာလုပ်ငန်းရှင်များက ကုန်ကြမ်းတင်သွင်းခွန် လျှော့ချပေးရန် တောင်းဆိုလျက်ရှိ

Sun, 01/06/2013 - 08:07 -- ydnar

အိန္ဒိယရော်ဘာလုပ်ငန်းများသည် ရော်ဘာကုန်ကြမ်း တင်သွင်းခွန် လျှော့ချပေးရန် တောင်းဆိုလျက် ရှိကြပါ တယ်။ ဗျူတိုင်း ရော်ဘာနဲ့ နည်းပညာမြင့်ရော်ဘာတုစတဲ့ ရော်ဘာ ကုန်ကြမ်းအဆင့်များ တင်သွင်းခြင်း အတွက် တောင်းဆို နေကြခြင်းဖြစ်ပါတယ်။ အိန္ဒိယရော်ဘာကုန်ထုတ်လုပ်ငန်း အသင်း (All India Rubber Industries Association-AIRIA) က ရော်ဘာလုပ်ငန်းများအတွက် အဓိကကျလျက် ရှိတဲ့ သဘာ၀ ရော်ဘာအပေါ် အကောက်ခွန်မှ ဂျူတီ စည်း ကြပ်မှုကို ၂၀ ရာခိုင်နှုန်း လျှော့ချပေးရန် တောင်းဆိုခဲ့ကြပါ တယ်။

နိုင်ငံတကာဈေးကွက်မှာ သဘာဝရော်ဘာ ၁ ကီလိုကို ၁၆၀ ရူပီး (၃ ဒေါ်လာခန့်) ရှိရာ သွင်းကုန်ခွန် ၁၂ ဒသမ ၅ ရာခိုင်နှုန်းစည်းကြပ်သဖြင့် ၁ ကီလိုကို ရူပီး ၂၀ ( သုည ဒသမ ၄ ဒေါ်လာ) နှုန်းနဲ့ ပေးဆောင်ရလျက်ရှိ ကြောင်း၊ ပြည်ပတင်သွင်းတဲ့ ရော်ဘာကုန်ချောအပေါ်တွင် ၁၀ ရာခိုင် နှုန်းသာ စည်းကြပ်တဲ့အတွက် သဘာ၀ ရော်ဘာအပေါ် စည်းကြပ်မှုနှုန်း မြင့်မားလျက် ရှိနေတယ်လို့ AIRIA က ထောက်ပြခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ သဘာဝရော်ဘာအပေါ် ယခင်က ယွမ် ၁၆၀၀ ကောက်ခံနေရာမှ ဇန်နဝါရီလက စပြီး ယွမ် ၁၂၀၀ သို့ လျော့ချပေးလိုက်ပြီဖြစ်ပါတယ်။ နိုင်ငံတကာပေါက် ဈေးမှာ ၁ တန်ကို ယွမ် ၂၅၀၀၀ (ဒေါ်လာ ၄၀၀၀) ဝန်းကျင် ဈေးပေါက်လျက်ရှိပြီး သွင်းကုန်ခွန် ၅ ရာခိုင်နှုန်းဝန်းကျင်သာ စည်းကြပ်နေခြင်းဖြစ်ပါတယ်။ ဈေးကွက်ယှဉ်ပြိုင်မှုမှာ မျှတမှု ရှိရန် လိုအပ်တယ်လို့ AIRIA ဥက္ကဋ္ဌ Niraj Thakkar က ပြောကြားပါတယ်။ သဘာဝရော်ဘာနဲ့ ရော်ဘာကုန်ကြမ်းတင်သွင်းမှု အပေါ်၂၀ မှ ၇၀ ရာခိုင်နှုန်းထိကြား စည်းကြပ်နေတဲ့အတွက် ထုတ်ကုန်များရဲ့ဈေးနှုန်းဟာ ပြည်ပတင်သွင်းတဲ့ ကုန်ပစ္စည်း များနဲ့ ဈေးနှုန်းယှဉ်ပြိုင်ရန်အခက်အခဲများ ကြုံတွေ့နေရတယ် လို့ Niraj Thakkar ဆိုပါတယ်။ လာမဲ့ဘဏ္ဍာနှစ်မှာ အိန္ဒိယ အနေနဲ့ သဘာဝရော်ဘာ တန် တစ်သိန်းခွဲကျော်တင်သွင်းရန် လိုအပ်မယ်လို့ ခန့်မှန်းလျက်ရှိပါတယ်။ ပြည်ပမှတင်သွင်းတဲ့ ကုန်ချောများနဲ့ ဈေးနှုန်းကွာဟမှုများကိုယှဉ်နိုင်ရန် ပြည်ပမှ တင်သွင်းမဲ့သဘာဝရော်ဘာ တန် တစ်သိန်းထိကို အကောက် ခွန်လွတ် တင်သွင်းခွင့်ပြုပါရန်နဲ့ AFTA သဘောတူညီချက် အရ ကုန်ချောတင်သွင်းမှုအပေါ်တွင် အခွန်များလျော့ပေး ရမှာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ ကုန်ကြမ်းတင်သွင်းမှု အခွန်မြင့်မားပြီး ကုန်ချောတင်သွင်းခြင်း အခွန်သက်သာခွင့် ပေးထားတဲ့အတွက် အိန္ဒိယမှ ရော်ဘာလုပ်ငန်းအများစုဟာ အကျပ်အတည်းနဲ့ရင်ဆိုင်နေရကြောင်း Business Stand- ard India   သတင်းမှာ ဖော်ပြထားပါတယ်။ CMK